မိုင်းပန်ပျော်၊ ဧပြီ ၃ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်မှာ မူဆယ် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ရဲ့ အရာရှိတစ်ဦးက အသက် ၅၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူးလဲတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ဧပြီ ၁ ရက် မနက် ၈ နာရီခွဲမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

“သူက တရုတ်ပြည်ကို အဝင်အထွက် လုပ်တာ။ တရုတ်ပြည်ဘက် ဝင်ပြီးတော့မှ ပစ္စည်းဝင်သယ်ပြီးရင် မြန်မာဘက် လာပို့ အဲလိုပေါ့။ အဲနေက လဝကလူက ဆဲဆိုပြီးတော့မှ ရမ်းကားဆွဲပြီးတော့ လူကို တွန်းလဲတယ်။ ပြီးတော့ ၂ ချက် ၃ ချက်တောင် ရိုက်တာ မူးလဲသွားတာ။ မူဆယ် လဝက ကလူတွေ တအားမိုက်ရိုင်းတာ အဲနေ့က သူတို့လူကြီးလမ်းကြောင်း ရှိတယ်ဆိုပြီးတော့ အဲလိုရိုက်ဝာာ”

ရိုက်နှက်ခံရတဲ့ အမျိုးသမီးကို ဒီနေ့ ဧပြီ ၃ ရက်မှာ တောင်းပန်ခဲ့ပေမဲ့ ကျူးလွန်သူကိုယ်တိုင်မဟုတ်ပဲ အောက်ခြေဝန်ထမ်းတွေသာ လာရောက် တောင်းပန်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လဝက အရာရှိ ရိုက်နှက်တာ ခံရတဲ့ အမျိုးသမီးဟာ မူဆယ်မြို့မှာ နေထိုင်တဲ့ ဒေါ်အီခမ်းဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။