ဓာတ်ပုံ- TNLA

ပို့လဘား၊ ဧပြီ ၂ ရက်၊ နောင်ချို

ငလျင်ဒဏ်သင့်တဲ့ လူထုတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ ဗုံး ဆက်ကြဲကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၁ ရက် ညနေ ၄ နာရီမှာ နောင်ချိုမြို့နယ် သဲခေါ်ရွာကနေ ဆမ္မဆယ်‌ရွာထဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုဒေသခံတစ်ဦးက “ညနေ ၄ နာရီပတ်ချာလည်မှာ ဒရုန်းနဲ့ လာချတယ်။ လူလည်း ထိတယ်။ ဆုံးသွားတယ် ပြောတာပဲ။ အိမ်တစ်လုံး ပျက်စီးတယ်လို့လည်း ကြားတယ်” လို့ ပြောပါတယ်။

ဗုံးကြဲလို့ တစ်ဦး သေဆုံးသွားတာနဲ့ ပတ်သက်ပြီး တအာင်းတပ်- TNLA ကလည်း ဒီနေ့ညနေမှာ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ နောင်ချိုမြို့နယ် လွယ်ခွင်ရွာကိုလည်း ဂျက်လေယာဉ်နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်တာကြောင့် လွယ်ခွင်ရွာရှိ မြေဩဇာစက်ရုံအပါအဝင် နေအိမ်တချို့ ပျက်စီးပြီး ၅ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။

ငလျင် လှုပ်ခတ်ပြီးနောက် မတ်လ ၃၁ ရက်ကနေ ဧပြီ ၆ ရက်အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာထားပေမဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာလည်း စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကိုလည်း ဒရုန်း အသုံးပြုပြီး ၁၂၀ မမဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။