ရွှေဖီမြေ၊ ဧပြီ ၁ ရက်

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်း ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘဲ တစ်လကြာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လာပါတယ်။

ဧပြီ ၁ ရက်ကနေ ၃ဝ ရက်အထိ အပစ်ရပ်မှာဖြစ်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တဲ့ တုန့်ပြန်မှုကလွှဲပြီး ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်း TNLA၊ ကိုးကန့် MNDAA၊ ရခိုင် AA တို့က ထုတ်ပြန်လာတာပါ။

TNLA နဲ့ MNDAA ဟာ ၎င်းတို့ ထိန်းချုပ်ရာ မြို့နယ်မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့ စီစဉ်ထားပေမဲ့ ငလျင်ဒဏ်သင့်သူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ သင်္ကြန်ပွဲတော် ကျင်းပမှုကို ဖျက်သိမ်းလိုက်ကြောင်း ပြောဆိုထားပါတယ်။

မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုအပြင် လူထောင်ချီ သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေနေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။