မိုင်းရူပ၊ ဧပြီ ၁ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့က အလှူခံမဏ္ဍပ်မှာ ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တပ်ဖွဲ့ဝင်တို့အကြား ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ နှစ်ဖက်ခေါင်းဆောင်တွေက ဖြေရှင်းနေကြပြီဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ကွတ်ခိုင်မြို့မစျေးမှာ ငလျင်ဘေးသင့်တဲ့ လူထုတွေကို ကူညီဖို့ အလှူခံနေတဲ့ MNDAA ကို TNLA က လာရောက် ညှိနှိုင်းချိန် နှစ်ဖက်တပ်ဖွဲ့ဝင်အကြား ထိုးကြိတ်မှု ဖြစ်ပွားခဲ့ရာ TNLA ဘက်က ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

“ကွတ်ခိုင်မှာလည်း ငလျင်ဒဏ်သင့်တဲ့သူတွေကူဖို့ လူငယ်တွေ ဖွင့်ထားတဲ့ အလှူခံမဏ္ဍပ်တွေ ရှိထားပြီးပြီ။ အဲဒါကို MNDAA လည်း TNLA ကို အကြောင်းမကြားပဲနဲ့ အလှူခံမဏ္ဍပ်ကို ကွတ်ခိုင် စျေးနားမှာ စစ်ဝတ်စုံအပြည့်နဲ့ ပြန်ဖွင့်လာထားတယ်။ TNLA ရဲတွေက အဲလိုအလှူမခံဖို့ လာပြောတာ။ အဲဒါနဲ့ ပြဿနာ စတက်ပြီး ထိုးကြိတ်မှုဖြစ်တာ” လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ နှစ်ဖက်တပ်အကြား ပြေလည်မှုရပြီး နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းနေတယ်လို့ ကွတ်ခိုင်မြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုပါတယ်။

“TNLA ရဲက အင်အား ၅ ယောက်နဲ့ လာတာ။ ရန်ဖြစ်ဖို့တော့ မဟုတ်ဘူ။ ကောင်းကောင်းဖြေရှင်းမလို့ဘဲ။ ကိုးကန့်ဘက်က အင်အား ၂၀ ကျော် ရှိတယ်။ ကိုးကန့်ဘက်က အရင်ထိုးတော့ ထိုးကြိတ်မှု ဖြစ်တာ။ အခုက အဆင်ပြေပါပြီ။ နှစ်ဖက်ခေါင်းဆောင်တွေ ဆက်ညှိနေတယ်”

TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ငလျင်ဘေးသင့်တဲ့ လူထုတွေကို ကူညီဖို့ ဒီနေ့ ဧပြီ ၁ ရက်ကစပြီး တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေက ဦးဆောင်ပြီးတော့ အလှူခံနေကြပြီ ဖြစ်ပါတယ်။

ကွတ်ခိုင်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဖော်ဆောင်နေပြီးတော့ မြို့တွင်းမှာ MNDAA တပ်ဖွဲ့ဝင်တွေလည်း တပ်စွဲထားတာ ဖြစ်ပါတယ်။

MNDAA နဲ့ TNLA ဟာ “ဝ”တပ်ဖွဲ့- UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ- FPNCC အဖွဲ့ဝင် ဖြစ်တဲ့အပြင် ညီနောင်မဟာမိတ်တွေလည်း ဖြစ်ကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။