ဓာတ်ပုံ- CJ

လွေးလာဝ်ဇာရ်၊ ‌မတ်လ ၃၀ ရက်၊ လားရှိုး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့အနီးရှိ ခေးနင်းကျေးရွာမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဖခင်ဖြစ်သူ သတ်ခံခဲ့ရတယ်လို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက် ညပိုင်းက ခြံမှာ အိပ်နေစဉ် သတ်ခံရတာဖြစ်ပြီး သားအဖနှစ်ဦး သတ်ခံရတာကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် တစ်ပတ်အကြာမှ မိသားစုဝင်က သိရတယ်လို့ ဆိုပါတယ်။

“သူတို့နှစ်ယောက်က ခြံမှာ အိပ်ဝာာ။ သောကြာနေ့တိုင်း အိမ်ကို ပြန်လာတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ပြန်လာတယ်။ အဲဒီပြန်သွားတဲ့ညမှာဘဲ အသတ်ခံရတယ်လို့ ယူဆပါတယ်။ ဒီတစ်ပတ် သောကြာ မလာတော့ သွားကြည့်တာ။ နှစ်ယောက်လုံး ဓားဒဏ်ရာတွေနဲ့ အလောင်းတွေလည်း ပုတ်ပွကုန်တာ”

သတ်ခံရတဲ့နှစ်ဦးဟာ စိုင်းတူးခေါ် မောင်မောင်လွင် (၆၃ နှစ်)နဲ့ သားဖြစ်သူ သော်ဇင်မင်းမြတ် (၁၀ နစ်)တို့ဖြစ်ပြီး လိုင်စင်ကား တစ်စီးကိုလည်း ယူဆောင်သွားခဲ့တယ်လို့ အထက်ပါ မိသားစုဝင်က ပြောပါတယ်။

“သားအဖကို ဓားပြတိုက် အတင်းအဓမ္မ လုယက်ယူဆောင်သွားတဲ့ပုံစံပဲ။ ဓားဒဏ်ရာနဲ့ လည်ပင်းမှာ တွေ့ရပါတယ်။ အဖေဆီက ဓားဒဏ်ရာ အများဆုံး တွေ့ရတယ်။ ရှမ်းလိုင်စင် Nissan အမည်ပေါက်နဲ့ Navara ၁ စီးကိုလည်း ယူဆောင်သွားတယ်”

ကျူးလွန်သူတွေ ယူဆောင်သွားတဲ့ ကားကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တွေ့ရင် ဖမ်းဆီး‌ပေးဖို့ တောင်းဆိုထားကြပြီး ကားကိုမိရင် တရားခံတွေလည်း မိလောက်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် လားရှိုးဘက်ကနေ ကားနဲ့ တင်လာတဲ့ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးအလောင်း ၃ လောင်းကို သီပေါမြို့နယ် နားမခေါ်ကျေးရွာအနီးက တာလုံလမ်းအဆင်းမှာ လာရောက် စွန့်ပစ်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။