ဓာတ်ပုံ- လားရှိုး ပြန်လည်ထူထောင်ရေး

မိုင်းရူပ၊ မတ်လ ၂၈ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ပြန်ဝင်လာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် လားရှိုးမြို့ကနေ ကိုးကန့်တပ် ပြန်ဆုတ်ပေးရမယ်ဆိုတဲ့သတင်း ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာ စစ်ကောင်စီနဲ့ MNDAA အကြား ထပ်မံ တွေ့ဆုံခဲ့ပေမဲ့ သဘောတူညီချက် မရဘူးလို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဆွေးနွေးချက်ရဲ့အဖြေကို ဟိုဘက်ရော ဒီဘက်ရော မထုတ်ပြန်ဘူးပေါ့။ ဆွေးနွေးပွဲက အဆင်မပြေဘူးလို့ ကြားရတယ်”

လားရှိုးဒေသခံတစ်ဦးကတော့ လားရှိုးမြို့ထဲ စစ်တပ် ပြန်ဝင်လာမှာကို ဒေသခံအများစုက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“တော်တော်များများကတော့ ပြန်မပေးစေချင်ဘူ။ အဓိကတော့ စစ်မှုထမ်းခံရမှာ ကြောက်တာရယ်။ သူတို့ ဝင်လာရင် ဖိနှိပ်ခံရမှာ ကြောက်တာပါတာပေါ့လေ”

ဒါ့အပြင် စစ်တပ်နဲ့ MNDAA အကြား ဆွေးနွေးမှု မအောင်မြင်တာကြောင့် လေကြောင်း တိုက်ခိုက်မှု ပြန်လုပ်မှာကို ဒေသခံတွေ စိုးရိမ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

နှစ်ဖက်တပ်အကြား ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ MNDAA ဘက်က တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကိုးကန့်တပ်နဲ့ စစ်တပ်အကြား အပစ်ရပ်ပြီးနောက် ဒေသခံတွေ နေရပ်သို့ ပြန်လာကြပြီး သင်္ကြန်ပွဲတော် ကျင်းပဖို့ကိုလည်း MNDAA က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)တည်ရှိရာ လားရှိုးမြို့ကို MNDAA က ပြီးခဲ့တဲ့ ၂ဝ၂၄ သြဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားပြီး အထူးဒေသ ၁ အဖြစ် ကြေညာကာ အုပ်ချုပ်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။