ဓာတ်ပုံ- CJ

မိုင်းရူပ၊ မတ်လ ၂၇ ရက်၊ နောင်ချို

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၂၆ ရက် ည ၆ နာရီခွဲဝန်းကျင်မှာ စစ်တပ်က အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင်ရွာတွေကို ဂျက်ဖိုက်တာ ၂ စီး အသုံးပြုပြီး ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးဆယ်ရွာက အမျိုသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးပြီး အုမ္မခါးရွာမှာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“သေတဲ့အထဲမှာ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၂ ယောက် ပါတယ်။ မိသားစုလိုက် ထိတာ။ အုမ္မခါးရွာမှာက ၄ ယောက် ဒဏ်ရာ ရတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဖီမြေကို ပေးပို့လာတဲ့ သေဆုံးသူတွေရဲ့ ဓာတ်ပုံထဲ ခန္ဓာကိုယ် အပိုင်းအစ ဖြစ်သွားတဲ့သူတွေလည်း ရှိနေပါတယ်။

နောင်ချို့မြို့ကို TNLA ထိန်းချုပ်ပြီးနောက် စစ်တပ်ဟာ ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် ညနေပိုင်းကလည်း နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်အပါအဝင် သေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာ နောင်ချိုမြို့နယ် အုမ္မခါးရွာထဲ စစ်တပ်က ဒရုန်းနဲ့ ဗုံး ၄ လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးရွာမှာတော့ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။