မိုင်းရူပ၊ မတ်လ ၂၆ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောင်ချိုတိမ်ပင်လယ်ကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဟာ နောင်ချိုမြို့နယ် တောင်းခမ်းရွာကနေ TNLA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မနေ့ မတ်လ ၂၅ ရက်မှာ မဲပုတ်ရွာအနီးရှိ နောင်ချိုတိမ်ပင်လယ်ကို စစ်ကောင်စီတပ်က ပြန်သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီက ဆက်တိုက် ထိုးစစ် လုပ်နေတာ။ ဒီနောက်ပိုင်း စစ်ကြောင်းတွေ ခွဲပြီး ထိုးနေတာ။ အခုက နောင်ချို တိမ်ပင်လယ်ကို စစ်ကောင်စီက ပြန်ရသွားပြီ” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဟာ နောင်ချို-တောင်းခမ်း လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး နောင်ချိုတိမ်ပင်လယ်ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်တာကြောင့် နောင်ချိုမြို့နဲ့ ၁၀ မိုင်ကျော်သာ ကွာဝေးပါတယ်။

တောင်းခမ်း တိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေကို ပိုမိုအသုံးပြုလာခဲ့ပြီး တစ်ရက်ကို အနည်းဆုံး ဗုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကာ အဆိပ်ငွေ့ဗုံးနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြှောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားပြီး လက်ရှိမှာ အဲဒီတပ်စခန်းတွေကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။