ယာရူစိင်၊ မတ်လ ၂၄ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာရှိ‌တဲ့ KTV နဲ့ အနှိပ်ခန်းမှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေကို ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနက ကာကွယ်ဆေး ထိုးပေးနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ကစပြီး KTV၊ အနှိပ်ခန်းမှာရှိတဲ့ ဖျော်ဖြေရေး ဝန်ထမ်း‌အတွက် ဆောင်ရွက်ပေးနေသလို အသည်းရောင်အသားဝါ ဘီ၊ စီ၊ HIV၊ ကာလသားရောဂါ စစ်ဆေးပေးနေသလို TB ရောဂါ ရှိမရှိ ဓာတ်မှန် ရိုက်ပေးပြီး ကာလသားရောဂါ ရှိသူကိုလည်း ဆေးကုသပေးနေပါတယ်။

“ဒီလုပ်ငန်းတွေက ပိတ်သိမ်းဖို့ မဖြစ်နိုင်တဲ့ အနေအထားတစ်ခုမလို့ပေါ့နော်။ အရင် စစ်ကောင်စီ လက်ထက်ကတည်းက ဖွင့်ထားတာဆိုတော့လေ။ အဲလိုအခြေအနေတွေကြောင့်မလို့ပါ။ ဒါကြောင့် ဝန်ဆောင်မှုတစ်ခုအနေနဲ့ ပေးတာပေါ့။ ကာကွယ်ဆေး ထိုးပေးတာက နောက်ဆုံးရက်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး” လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဆေး စစ်တာတွေအတွက် ကုန်ကျစရိတ်ကိုတော့ ဆိုင်ပိုင်ရှင်တွေဘက်က ကုန်ကျခံပေးရတယ်လို့ လားရှိုး ပြန်လည်ထူထောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည့်တန်ဆာလုပ်ငန်းမှာ အလုပ် လုပ်ကိုင်နေသူတွေကို ရောဂါ စစ်ဆေး‌ပေးပြီ ရောဂါပိုး တွေ့ရှိသူကို အလုပ်ကနေ နားခိုင်းပြီး ရောဂါပိုး မတွေ့ရှိတဲ့သူကတော့ အလုပ်လုပ်ခွင့် ၃ လကဒ် ထုတ်ပေးပြီး ဆက်လက် အလုပ် လုပ်ကိုင်ဖို့ ခွင့်ပြုပေးထားတယ်လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကနေ ၇ ရက်အထိ လားရှိုးမြို့မှာ နေထိုင်တဲ့ အသက်အရွယ်မ‌ရွေး မျက်စိအတွင်းတိမ်သူ ၈ဝ ဦးကိုလည်း ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနက အခမဲ့ ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့ပါတယ်။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး MNDAA က စီမံအုပ်ချုပ်နေတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။