ပုံစာ- ဂန့်ဂေါမြို့နယ်၊ ကန်ရွာလေးကြောင်းတိုက်ခိုက်မူ(ပုံအဟောင်း)

အိုက်ပွီး၊ မတ်လ ၂၂ ရက်၊ ဂန့်ဂေါ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆရာဝန်၊ ကလေး အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းတဲလေတပ်စခန်းမှ ဂျက်ဖိုက်တာတစ်စီးနဲ့ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲ ဒီနေ့ မတ်လ ၂၂ ရက်နေ့၊ မိနစ် ၄၀ အချိန်ခန့်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ကျန်းမာရေး ဆေးပေးခန်းက ဆရာဝန်မတစ်ဦး သေဆုံးတယ်။ ဆေးခန်းလာပြတဲ့ အရပ်သားတွေ ၉ယောက်လောက် သေဆုံးတယ်။ ကလေးတွေလည်းပါတယ်။ ဆေးပေးခန်းလည်း ပျက်စီးသွားတယ်။ ကျန်တာတော့ အသေးစိတ် မသိရသေးဘူး။”လို့ ဂန့်ဂေါမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

နှမ်းခါးကျေးရွာဟာ ဆက်သွယ်ရေး ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ထားတာကြောင့် ဒီနေ့မနက် လေကြောင်း တိုက်ခိုက်မှုနဲ့ သေဆုံးမူ စာရင်းအတိကျမရသေးသလို​ မြေပြင်မှာ ဒီအချက်လက်ထက်ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ဒီနေ့ မနက် ၉ နာရီဝန်းကျင်မှာလည်း စလင်းမြို့နယ်၊ ဂွေးပင်ဇင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးသီးတစ်လုံးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။