မိုင်းပန်ပျော်၊ မတ်လ ၂၁ ရက်၊ နမ္မတူ

သတင်းဓာတ်ပုံ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ မြို့မဈေးထဲမှာ သက်တမ်းကုန်တဲ့ စားသောက်ကုန်၊ အလှကုန်နဲ့ ဆေးဝါးတွေကို မြို့နယ် ပြန်လည်ထူထောင်ရေး ကော်မတီက ဒီနေ့ မတ်လ ၂၁ ရက် မနက်ပိုင်းမှာ လိုက်လံစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီစစ်ဆေးမှုဟာ ပထမအကြိမ်ဖြစ်ပြီး သက်တမ်းကုန်တဲ့ ကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ဆိုင်ပိုင်ရှင်တွေကို အပြစ်ပေး အရေးယူတာ မရှိသေးပေမယ့် နောက်ပိုင်းတွေမှာ သက်တမ်းကုန်တဲ့ ကုန်ပစ္စည်းတွေ ထပ်မံရောင်းချတာတွေ တွေ့ရှိရင် အရေးယူသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ဆေးတွေ့ရှိထားတဲ့ သက်တမ်းကုန်နေတဲ့ အလှကုန်၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေကို မီးရှို့ဖျက်စီးပစ်မယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့တွေ လိုက်လံစစ်ဆေးခဲ့တဲ့ နမ္မတူမြို့မဈေးထဲက ကုန်စုံဆိုင်တွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တွေမှာ ထုတ်လုပ်ပြီး ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်နေတဲ့ စားသောက်ကုန်တွေကိုလည်း တွေ့မြင်ရပါတယ်။

နမ္မတူမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။