ဓာတ်ပုံ – မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်း

ခိုင်လေး၊ မတ်လ ၂၀ ရက်၊ မူဆယ်

နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ မူဆယ်မြို့ ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမြို့နယ်က အသက် ၂၂ အရွယ်အမျိုးသားတစ်ဦးဟာ မူဆယ်မြို့အတွင်းက ဒေသခံတွေရဲ့ ဆိုင်ကယ်အပါအဝင် တခြားပစ္စည်း‌တွေလည်း လိုက်လံခိုးယူတာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့တွေက မတ်လ ၁၈ ရက်‌မှာ ပစ်ခတ်လိုက်တာ ဖြစ်ပါတယ်။

“မူဆယ်မှာ သူများပစ္စည်းတွေ ဆိုင်ကယ်တွေ လိုက်ခိုးနေတာ။ ခိုးနေတာက ကြာပြီလားတော့ မသိဘူး။ အဲဒါနဲ့ အဲနေ့က ခိုးဖို့လုပ်တုန်း ပြည်သူ့စစ်တွေက တွေ့တော့ သူကို ပစ်လိုက်တာ။ ဒဏ်ရာ ရသွားတယ်။ အခုတော့သူက ရွှေမူဆယ်မှာ ဆေးကုသမှု ခံယူနေတယ်” လို့ မူဆယ်မြို့ ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့ စွမ်စော် (၄) လမ်း၊ လမ်းစုံနားက သစ်ပင်အောက်မှာ သေနတ်ပစ်ခံရပြီး ဒဏ်ရာရနေတဲ့ အဲဒီအမျိုးသားတစ်ဦးကို ကူညီပေးဖို့ မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းထံကို ဆက်သွယ်လာတာကြောင့် သွားရောက်ကူညီပေးခဲ့တယ်လို့ ၎င်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျွန်တော်တို့ သူ့ကို သွားတွေ့တဲ့အချိန်က ညနေ ၅ နာရီလောက် ရှိမယ်။ ဒဏ်ရာကြည့်ရတာ မနက် ၆ နာရီကတည်းက ပစ်ခံရတယ်နဲ့တူတယ်။ ကျွန်တော်တို့လည်း သူ့ဒဏ်ရာထဲ လေမဝင်အောင် ပတ်တီးတွေ စည်းပေးလိုက်တယ်။ အဲဒါနဲ့ ခွဲစိတ်ဖို့ ပြည်သူ့ဆေးရုံကို ပို့တယ်။ ခွဲစိတ်ဆရာက ခွင့်ယူထားတော့ ကျွန်တော်တို့က ရွှေမူဆယ်ဆေးရုံ ပို့ခဲ့တယ်။ ကျည်ဝင်သွားတာတော့ တစ်ချက်ဘဲ။ အူကိုထိတော့ တစ်တောင်လောက် ဖြတ်လိုက်ရတယ်။ အခုတော့ သူကသတိရပြီး စကားလည်း ပြန်ပြောနိုင်ပြီ။ အခြေအနေကောင်းတယ်လို့ ပြောလို့ရပြီ”

အဆိုပါ အမျိုးသားရဲ့ မိသားစုတွေ မရောက်ခင်အထိတော့ မြင့်မြတ်ပါရမီအသင်းက လိုအပ်တာတွေကို အားလုံးကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

မူဆယ်မှာ မတ်လ ၁၇ ရက်တုန်းကလည်း ပြည်သူ့စစ်အချင်းချင်း ကားခိုးတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ပြည်သူ့စစ်တပ်သားတစ်ဦးက ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။