မိုင်းရူပ၊ မိုင်းအနိုင်

သတင်းဓာတ်ပုံ

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်လေးတွေ အပါအဝင် သေဆုံးသူနဲ့ ဒဏ်ရာရသူ ၃၀ နီးပါးရှိခဲ့တဲ့ နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ရဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

ဒီနေ့ မတ်လ ၁၈ ရက်အထိ ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကိုရင် ၅ ပါး၊ ဦးဇင်း ၂ ပါး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးတို့ သေဆုံးပြီး ဒဏ်ရာရသူတွေထဲမှာ ကိုရင် ၁၄ ပါး၊ အမျိုးသား ၁ ဦးနဲ့ အမျိုသား ၃ ဦးတို့ဖြစ်ပြီး စုစုပေါင်းသေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့ပါတယ်။

ဒဏ်ရာပြင်းထန်သူတွေထဲမှာ သေဆုံးတာတွေ ရှိနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးနိုင်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် ညနေပိုင်းမှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။

စိန်ရတနာပရိယတ္တိစာသင်တိုက်ထဲမှာ ဘုရားစာ သင်ကြားနေတဲ့ ကိုရင် ၆၀ ကျော်နဲ့ စစ်ရှောင် သက်ကြီးရွယ်အို ၂၀ နီးပါး နေထိုင်ကြတာ ဖြစ်ပါတယ်။

နောင်ချိုမြို့ကို TNLA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ထက်မနည်း ပြုလုပ်ပြီး အရပ်သားထိခိုက်သေဆုံးမှု ၁၀၀ ကျော် ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။