ဓာတ်ပုံ – CJ

ပို့လဘား၊ မတ်လ ၁၇ ရက်၊ မူဆယ်

ညီနောင်မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ် (၁၀၅) မိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် မနက် ၈ နာရီအချိန်မှာ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂ ဦးနဲ့ TNLA ရဲ့ လမ်းညွှန်မှုနဲ့ လှုပ်ရှားနေတဲ့ Local PDF တစ်ဦးတို့က အလုပ်ကိစ္စ ပြောဆိုဆွေးနွေးရာကနေ အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

“အစက သူတို့အလုပ်ကိစ္စနဲ့ လာပြောကြတယ်။ ပြီးမှ စကားများ ရန်ဖြစ်ပြီး သူတို့နှစ်ယောက်(ပကဖ)က အဲဒီ PDF ရဲ့ လည်ပင်းနဲ့ ကျောကုန်းကို ဓားနဲ့ထိုးတာ။ သူ့ရဲ့ (ဓားထိုးခံရတဲ့ PDF) မိန်းမကိုကျတော့ သူတို့ လည်ပင်းညှစ်လိုက်တယ်။ တခြားသူတွေ ဝင်တားတဲ့အချိန်မှာ အဲနှစ်ယောက်က တံခါးပိတ်လိုက်ပြီး ထွက်ပြေးသွားတယ်”

ဓားထိုးခံရသူ အမျိုးသားဟာ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ Local PDF တစ်ဦးဖြစ်ပြီး ဓားထိုးခံရတာအပြင် ရိုက်နှက်နှိပ်စက်တာလည်း ခံရတယ်လို့ ပြောပါတယ်။

၎င်းရဲ့ သေနတ်တစ်လက်၊ ဆိုင်ကယ်တစ်စီး၊ ဖုန်း ၂ လုံး၊ PDF ယူနီဖောင်းတစ်စုံနဲ့ ငွေသားတချို့ကိုလည်း ဓားထိုးတဲ့ အဲဒီ PDF နှစ်ဦးက ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဓားထိုးခံခဲ့ရတဲ့ အဲဒီအမျိုးသားက ဆေးကုသမှု ခံယူနေရပြီး ထွက်ပြေးသွားတဲ့ ပ-က-ဖ အဖွဲ့ဝင်နှစ်ဦးကိုတော့ TNLA ရဲ့ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။