ဓာတ်ပုံ – Local

မိုင်းရူပ၊ မတ်လ ၁၇ ရက်၊ နောင်ချို

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုမှာ ဒဏ်ရာပြင်းထန်တဲ့ ကိုရင်တွေထဲက ၁ပါး ထပ်မံပျံလွန်တော်မူခဲ့ပြီး သေဆုံးသူ ၁၅ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၁၆ ရက် ညနေ ၅ နာရီခွဲအချိန်မှာ နောင်ချိုမြို့မှာရှိတဲ့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၈ ပါး နဲ့ ဦးဇင်းတစ်ပါးအပါအဝင် ၁၄ ဦး သေဆုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

“ကိုရင်တစ်ပါး ထပ်ပြီးပျံလွန်တော်မူသွားပြီ။ ဒဏ်ရာရတဲ့ ၆ ဦးထဲမှာ ၅ ဦးက ဒဏ်ရာပြင်းထန်တယ်” လို့ ဒဏ်ရာရသူကို ကူညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၁၇ရက်နေ့မှာလည်း နောင်ချိုမြို့ ကျောက်ကြမ်းဘက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကတော့ မသိရသေးပါဘူး။

နောင်ချိုမြို့ကို TNLA သိမ်းပြီးနောက် စစ်ကောင်စီတပ်က မြို့ပေါ်ကို လေကြောင်းနဲ ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရတဲ့အရပ်သား အများအပြားရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကလည်း နောင်ချိုမြို့နယ် ယာပြင်ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။

နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးကျေးရွာတွေမှာတော့ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်လိုလို ပြုလုပ်နေပါတယ်။

TNLA တပ်ဘက်ကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေပြီး လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။