ဓာတ်ပုံ – TNLA

မိုင်းရူပ၊ မတ်လ ၁၆ ရက်၊ နောင်ချို

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့တွေ ဆက်လက်အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း နောင်ချိုနဲ့ ပြင်ဦးလွင်ကြားရှိ အုမ္မတီးကျေးရွာနဲ့ တောင်းခမ်းကျေးရွာအနီးရှိ တောင်ရှည်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး မတ်လ ၁၄ ရက်က အုမ္မတီးကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဆိပ်ငွေ့သုံး ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် TNLA တပ်ဖွဲ့ဝင်အချို့ မူးဝေတာ၊ အော့အန်တာတွေဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အုမ္မတီးတိုက်ပွဲမှာ အဆိပ်ငွေ့ ဗုံး ၁၅ လုံးနဲ့ လာကြဲတာ။ TNLA တပ်ဖွဲ့ဝင်တွေ မူးဝေတာ၊ အော့အန်တာတော့ ရှိတယ်။ တိုက်ပွဲကတော့ နေတိုင်းလိုလို ဖြစ်နေတယ်”

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း နောင်ချိုမြို့နယ် တောင်ရှည်နဲ့ မန်မော်ရွာကြားက တိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မှုတွေကြောင့် TNLA ထိန်းချုပ်ထားတဲ့ တောင်းခမ်းကျေးရွာက နေရာအချို့နဲ့ နောင်ချို-ပြင်ဦးလွင်ကြားရှိ နေရာအချို့ကို ပြန်လည်လက်လွတ်ခဲ့ရတာတွေ ရှိနေပေမယ့် စစ်ကောင်စီတပ်တွေကို တအာင်းတပ်က ဝိုင်းရံပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်တပ်စခန်းတွေ ဖြစ်တဲ့ -၃၅၄၊ ၂၀၆နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာ ဖြစ်ပြီး တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတာ ၆ လကြာရှိနေပြီ ဖြစ်ပါတယ်။

နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းကျေးရွာက နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်သာ ကွာဝေးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။