မိုင်းပန်ပျော်၊ မတ်လ ၁၅ ရက်၊ နမ္မတူ

မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကြား ပျောက်ဆုံးနေတဲ့ နမ္မတူမြို့က အမျိုးသားဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် ညနေပိုင်းမှာ နေအိမ်သို့ ပြန်ရောက်လာပြီလို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှာ မန္တလေးကနေ အိမ်သို့ ပြန်လာတဲ့ အဲဒီအမျိုးသားဟာ တအာင်းတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတာလို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၁၃ ရက် ညနေပိုင်း ပြန်ရောက်လာပြီ။ အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာတယ်။ သူမန္တလေးကနေ ပြန်လာတဲ့အချိန် နောင်ချိုမှာ တိုက်ပွဲ ဖြစ်နေတော့ အဲနဲ့ အင်းဝိုင်းသကြားစက်ရုံနားမှာ TNLA က သူ့ကိုထိန်းသိမ်းထားတာ”

ပျောက်ဆုံးခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် စိုင်းလောဝ်ဦးခေါ် စိုင်းအွတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ အလုပ်ကိစ္စနဲ့ မန္တလေးမြို့သို့ သွားရာကနေ အပြန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း နောင်ချိုမြို့နယ် ခက်ချန်ရွာကနေ သုံးဆယ်ရွာဘက်သွားတဲ့ ကားသမား ၂ ဦးက ပျောက်ဆုံးသွားပြီး လက်ရှိအချိန်ထိလည်း မတွေ့သေးဘူးလို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။