ဓာတ်ပုံ- PSLF/TNLA’s Telegram

ပို့လဘား၊ မတ်လ ၁၄ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့ထဲက သီလရှင်ကျောင်းတစ်ကျောင်း‌ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ မတ်လ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ အင်ကြင်းတောင်မှာရှိတဲ့ ကျောင်းတစ်‌ကျောင်းမှာ သီလရှင်တစ်ပါးက ဘုရားကျောင်း‌ဆောင်အတွင်း ဖယောင်းတိုင်မီး ထွန်းရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

“သီလရှင်ကျောင်းမှာ သူ(မယ်သီလရှင်)က ဖယောင်းတိုင် ထွန်းထားပြီး ကျောင်းထဲ ဝင်သွားတာ။ ဖယောင်းတိုင် လဲပြီး စလောင်တော့တယ်လို့ ပြောတယ်။ ဆုံးရှုံးမှု ပမာဏကိုတော့ မသိရဘူး”

မီးလောင်မှုကြောင့် ဆန်၊ ဆီနဲ့ အသုံးအဆောင်ပစ္စည်း ဆုံးရှုံးခဲ့ပြီး မီးလောင်ဆုံးရှုံးသွားတဲ့ တန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၈၀ ကျော် ရှိတယ်လို့ တအာင်းတပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း နမ့်ခမ်းမြို့နယ် ဖာပြန့်ကျေးရွာမှာ ဓာတ်ခဲ ပေါက်ကွဲမှု ဖြစ်ပွားရာကနေ နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။