မိုင်းရူပ၊ မတ်လ ၁၂ ရက်၊ ဗန်းမော်

တိုက်ပွဲ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ တပ်ကို KIA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

“ဗန်းမော်တိုက်ပွဲ အခြေအနေကတော့ ဒီရက်ပိုင်းမှာ စခန်းသိမ်းနိုင်တဲ့ အနေအထားကတော့ မရှိသေးဘူး။ စကခ ၂၁ တပ်အနီးဝန်းကျင်မှာတော့ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်” ဆိုပြီး ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုပါတယ်။

ဗန်းမော်မြို့ရှိ စစ်တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ တင့်ကားတပ်ရင်း (၅၀၁၄)၊ အမြှောက်တပ်စခန်း (၃၆၆)နဲ့ ခြေလျင်တပ်ရင်း (ခလရ ၂၃၆)အပါအဝင် တပ်စခန်း အများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ တပ်အပါအဝင် စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတချို့ ကျန်ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နဲ့ ၉ ရက်မှာ စကခ ၂၁ ရှိ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတချို့ကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီရဲ့ ဒရုန်းတချို့ကိုလည်း KIA က ပစ်ချနိုင်ခဲ့ပါတယ်။

စစ်တပ်ဘက်ကတော့ ဗန်းမော် တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

KIA ဟာ ရှမ်းမြောက်က မဘိမ်းမြို့အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ အထူးဒေသ(၁)နဲ့ မြို့ ၁ဝ မြို့ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။