ဓာတ်ပုံ- Local

မြတ်နိုး၊ မတ်လ ၁၁ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်း ကချင်တပ်မတော်- KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ရဲ့ ဒရုန်းတချို့ကို ပစ်ချနိုင်ခဲ့ပြီး ကာကင်းစခန်းတချို့လည်း သိမ်းပိုက်ရရှိထားကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“မတ်လ ၉ ရက်က ဗန်းမော် တိုက်ပွဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နေရာတချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ ဒရုန်း ၇ စီးလည်း ပစ်ချနိုင်ခဲ့တယ်။ တိုက်ပွဲ‌ကတော့ အခုထိ ဆက်ပြီး ပြင်းထန်နေတုန်းပဲ” လို့ ရှေ့တန်းနဲ့ နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဲဒီ ဒရုန်း ၇ စီးထဲ ညသုံးဒရုန်း အပူချိန်နဲ့ လှုပ်ရှားမှုကို အာရုံခံတဲ့ ဒရုန်းတွေလည်းပါဝင်ကြောင်း သူက ပြောပါတယ်။

“ဗန်းမော်မှာ တော်လှန်ရေးတပ်ဘက်က နေရာနည်းနည်း ပြန်ထပ်သိမ်းရပြီ။ စကခ ၂၁ အနီးက ကာကင်းတချို့ ပြန်တိုက်နိုင်ခဲ့တာ။ ၃ မိုင်၊ ၄ မိုင်တွေဘက်တော့ မတိုက်ရသေးဘူး” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ ဒရုန်းတွေက စကခ ၂၁ ရဲ့ ဒရုန်းအကြီးတွေ ဖြစ်တယ်လို့ သိရကြောင်း သူမက ပြောပါတယ်။

စစ်တပ်ဘက်ကတော့ မြေပြင် ခြေလျင်ထက် ဝေဟင်ကနေ ဒရုန်း၊ လေယာဉ်နဲ့သာ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေပြီး မတ်လ ၉ ရက်မှာ Y-12, MiG-29, Yak-130 နဲ့ ၁၀ ကြိမ်ထက်မနည်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်စခန်း ရာချီရှိတဲ့ ဗန်းမော်ကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလကစ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။