ဓာတ်ပုံ – မင်းဇေသန့်ပြည်သူ့စစ်

မြတ်နိုး၊ မတ် ၇ရက်၊ တနိုင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ဝခါးရွှေမှော်ကို မတ်လ ၆ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ပြီး ကချင်တပ်(KIA) ကာကင်းစခန်း ၂ ခုကိုလည်း စစ်ကောင်စီ နဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက် ခဲ့ကြောင်း ဒေသခံတွေနဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လီဒိုလမ်းရှဒူးဇွပ်ရွာ အနီးက ဝခါးရွှေမှော်ကို မနေ့ မတ်လ ၆ ရက်နေ့ မနက် ၄ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

“မနေ့က မနက် ၄ နာရီ လောက်က မန္တလေး ဘက်က တက်လာတဲ့ လေယာဉ် ၂ စီးနဲ့ ဝခါး ရွှေမှော်ကို ဗုံး ၄ ကြိမ် လာကြဲသွားတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရဘူးလို့ သူက ပြောပါတယ်။

မနေ့က တစ်ရက်ထဲမှာပဲ ဖားကန့် မြို့နယ်ဘက်လည်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်တာရှိပြီး ဗန်းမော်မြို့မှာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ကြားသိရပေမယ့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တနိုင်းမြို့နယ်ရှိ KIA ရဲ့ ကာကင်းကုန်း ၂ နေရာကို စစ်ကောင်စီ နဲ့ ဝါရာဇွပ် ပြည်သူ့စစ် ပူး ပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်သိမ်း ပိုက်လိုက်ကြောင်း ရှေ့တန်း သတင်း ရင်းမြစ် တွေက ပြောပါတယ်။

“မနေ့က မနက်တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေက ကာကင်း စခန်း ၂ နေရာကို မင်းဇေသန့်ပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပါင်း အဖွဲ့ ထိုးစစ်ဆင် သိမ်းယူ သွားတယ်” လို့ ရှေ့တန်း နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ခြေလျင်၊ လက်နက်ကြီး၊ ဒရုန်းအပြင် လေကြောင်း နဲ့ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာကြောင့် ဆုတ်ခွာခဲ့ရတာလို့ ဆိုပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကတာ့ လက်နက်ခဲယမ်း ပစ္စည်း တချို့ သိမ်းဆည်းရရှိထားကြောင်း သတင်းထုတ်ထားပါတယ်။

စစ်ကောင်စီဘက်က ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ အထက်ပိုင်း အင်အား ဖြည့်တင်းနေပြီးစစ်ရေးလှုပ်ရှားရေးလှုပ်ရှားမှု တွေ ပြုလုပ်လာတဲ့ အပြင် တိုက်ပွဲ မရှိတဲ့ နေရာတွေလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပိုမိုလုပ်လာကြောင်း ဒေသခံ တွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။