ဓာတ်ပုံ – Local

ယာရူစိင်၊ မတ်လ ၇ ရက်၊ သိန္နီ

ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့အထွက် တိုးဂိတ်မှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်က ဆီတင်တဲ့ ၁၂ ဘီးကား ၁စီးကို ကိုးကန့်တပ်က သိန်း ၁၀၀နီးပါးထိ ငွေ အဆမတန် ကောက်ခံနေတာကြောင့် လက်ရှိမှာ စက်သုံးဆီတင်ကားတွေ ယာယီရပ်နားထားရတယ်လို့ ရွှေဖီမြေမှ စုံစမ်းသိရှိရပါတယ်။

အခုလို ကိုးကန့်တပ်က ငွေ အဆမတန် ကောက်ခံနေတာကြောင့် မတ်လ ၄ ရက်ကစပြီ ဒီနေ့ မတ်လ ၇ ရက်အထိ စက်သုံးဆီတင်ကားတွေ သွားလာနေတာ မရှိတော့ဘူးလို့ မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဆီတင်တဲ့ ကားတွေလဲ ဘယ်သူမှ မလာရဲတော့ဘူး ဖြစ်နေတယ်။ သူတို့ တောင်းတဲ့ ငွေပမာဏက ဘယ်သူ့အတွက်မှ အဆင်မပြေကြဘူးလေ။ အရင်က ‌ပေးဆောင်ရတဲ့ ငွေပမာဏက အဆင်ပြေတယ်လို့လဲ မဟုတ်ပေမဲ့ နည်းနည်းတော့ သက်သာတယ်ပေါ့။ ခုကျ သိန်းရာချီနီးပါးဆိုတာ များတယ်လေ”

စက်သုံးဆီတင်တဲ့ကားသမားတွေက ငွေ သိန်းရာချီနီးပါး ပေးဆောင်ရမှာ စိုးရိမ်တာကြောင့် ဘယ်ဆီတင်ကားမှ သွားလာတာ မတွေ့ရဘူးလို့ ဆက်ပြောပါတယ်။

နောက်ထပ် မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက “ဆီတင်ကားတွေလာရင် ငွေ မပေးရင် ပေးမဖြတ်ဘူး။ ပေးရတဲ့ ငွေတွေကလဲ အရမ်းများလို့။ ဘယ်ဆီတင်ကားမှ မတက်လာရင် သေချာပေါက် ဆီဈေးက တက်တော့မှာလေ”လို့ ပြောပါတယ်။

အရင်က ဆီအပြည့်တင်တဲ့ ၁၂ ဘီးကားတစ်စီးကို ငွေ ၂ သိန်းကျပ်ဝန်းကျင်သာ အခွန်ပေးဆောင်ရပေမဲ့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှာတော့ သိန်းရာချီနီးပါးအထိ အခွန်ကောက်နေတာကြောင့် ဆီကားအချို့ နောက်ပြန်လှည့်ခဲ့ကြရတာ ဖြစ်ပါတယ်။

အခုလို ကိုးကန့်တပ်က စက်သုံးဆီတင်တဲ့ ကားတွေကို အခွန် အဆမတန် ကောက်ခံနေတာဟာ သိန္နီမြို့အထက်မှာရှိတဲ့ နမ့်ခမ်းမြို့နဲ့ ကွတ်ခိုင်မြို့အပြင် ညီနောင်မဟာမိတ် ထိန်းချုပ်ထားတဲ့ ၁၀၅မိုင်မှာလဲ ဆီဈေး အဆမတန် မြှင့်တက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။