ဓာတ်ပုံ – Local

သူတော်စိန်၊ မတ်လ ၇ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်- မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့က ဒေသခံတွေစီးနှင်နေတဲ့ လိုင်စင်မဲ့ကား ဒေသခံကားတွေကို ဖမ်းဆီးထားတာရှိနေပြီး ကျားဖြန်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်တွေကတော့ ကင်းလွတ်ခွင့်ရနေတယ်လို့ လိုင်စင်မဲ့ကားစီးသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသား ကျားဖျန်လုပ်ကိုင်သူတွေဟာ လိုင်စင်မဲ့ကားတွေကိုသာ စီးနေပြီး ရဲနဲ့ ပြည်သူ့စစ်အစောင့်အရှောက်‌တွေနဲ့သာ သွားလာ‌နေကြတာ ဖြစ်ပါတယ်။

“သူတို့က ရဲတွေကို ပေးကမ်းထားတာလေ။ ဘယ်ဖမ်းပါ့မလဲ အပိုင်နယ်ထိန်းဆို ကားထဲကနေ လိုက်ပြီး စောင့်ရှောက်ပေးရတာ။ တရုတ်တွေအတွက် မိန်းမငယ်ငယ်ချောချော တွေကိုဘဲ အပိုင်နယ်ထိန်းက လိုက်ရှာပေးရတာ။ ရဲတွေ ချိန်းခြောက်ပြီး ခေါ်ထားတဲ့ မြန်မာမိန်းကလေးတွေက ကိုးထပ်ကြီးနားမှာ အများကြီးပဲ”လို့ မင်္ဂလာမူဆယ်မှာရှိတဲ့ ဝန်ထမ်းတစ်ဦး ပြောပြချက်အရ သိရပါတယ်။

လိုင်စင်မဲ့ကားတွေကို တရုတ်ပြည် ကျယ်ဂေါင်မှာ‌ရှိတဲ့မနောကွင်းအနီး ပွဲစားတန်းမှာ ဝယ်ယူတာဖြစ်ပြီး ဆင်ဖြူဂိတ်မှာ တာဝန်ကျနေတဲ့ ရဲကင်းနဲ့ အပိုင်နယ်ထိန်းတွေကို ငွေပေးမှသာ ထုတ်ရတယ်လို့ ဆိုပါတယ်။

“အာဏာမသိမ်းခင်က ရဲမြို့နယ်မှူးကို ကားပုံနဲ့ ကားမှာတပ်ထားတဲ့ နံပါတ်ကို စာရင်းသွားပေးရတယ်။ ခုတော့ စခန်းမှူးကိုပဲ အသိပေးပြီး နှစ်စဥ်ကြေး ပေးရတယ်။ ကားအမျိုးအစားပေါ်မူတည်ပြီး သိန်း ၂၀ ကနေ ၃၅ သိန်းထိပေးရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မူဆယ်မြို့မှာရှိတဲ့ လမ်းမကြီးပေါ်မှာလည်း သုံးဘီးနဲ့ အိမ်စီးကားတွေကို စည်းကမ်းမဲ့ ရပ်ထားတာရှိပြီး ယာဉ်ကြောပိတ်ဆို့ခြင်းနဲ့ ဈေးဆိုင်တွေကို ပိတ်ကွယ်ထားတာကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်က တိုင်ခဲ့ပေမယ့် စခန်းမှူးက တာဝန်ယူဖြေရှင်းပေးတာ မရှိသေးပါဘူး။

မူဆယ်မြို့မှာ လုယက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုတွေကို ကျူးလွန်တဲ့သူတွေဟာ လိုင်စင်မဲ့ကားကိုသာ အသုံးပြုကြတာဖြစ်ပြီး သက်ဆိုင်ရာတွေကို ငွေပေးနေကြတာကြောင့် ၎င်းအမှုနဲ့ဖြစ်စဉ်တွေဟာ မူဆယ်မြို့မှာ မပပျောက်သေးဘဲ ဆက်ရှိနေသေးတာ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။