ဓာတ်ပုံ – Local

ပို့လဘား၊ မတ်လ ၆ ရက်၊ နောင်ချို

နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကြံခင်းနဲ့ နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရှေးတန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

မနေ့ မတ်လ ၅ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“မနေ့က တိုက်ခိုက်မှုရှိခဲ့တယ်။ စစ်တပ်ဘက်က ဒရုန်းနဲ့ ဝေဟင်ဝဲပြီး ထိုးစစ်ဆင်လာတာကြောင့် ပဠိပက္ခတွေဖြစ်ပွားခဲ့တယ်။ နေအိမ်တချို့လည်း မီးလောင်တယ်။ ကြံခင်းတွေရောပဲ။ သူတို့ နေ့တိုင်း ဒရုန်းနဲ့လာချနေတာ။ အဲဒီဘုန်းကြီးကျောင်း နားတစ်ဝိုက်ကအိမ်တွေ အကုန်ပျက်စီးကုန်ပြီ”

ဒီနေ့ မတ်လ ၆ ရက် ‌မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကလည်း အုမ္မသီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဂျက်လေယာဉ် တစ်စီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

နောင်ချိုမြို့ မိုင် ၂၀ ကွာဝေးတဲ့ တောင်ခမ်းမှာလည်း တအာင်းတပ်မတော်-TNLAနဲ့ စစ်တပ်တို့ ၆ လနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းကို အပြင်းအထန်အသုံးပြုခဲ့တာကြောင့် TNLA က နေရာတစ်ချို့တွေကို လက်လွှတ်ခဲ့ရပါတယ်။

နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ဇူလိုင် ၁၀ ရက်မှာ TNLA နဲ့ ပူပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။