ဓာတ်ပုံ – Local

ပို့လဘား၊ မတ်လ ၆ ရက်၊ နောင်ချို

နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကြံခင်းနဲ့ နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရှေးတန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

မနေ့ မတ်လ ၅ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“မနေ့က တိုက်ခိုက်မှုရှိခဲ့တယ်။ စစ်တပ်ဘက်က ဒရုန်းနဲ့ ဝေဟင်ဝဲပြီး ထိုးစစ်ဆင်လာတာကြောင့် ပဠိပက္ခတွေဖြစ်ပွားခဲ့တယ်။ နေအိမ်တချို့လည်း မီးလောင်တယ်။ ကြံခင်းတွေရောပဲ။ သူတို့ နေ့တိုင်း ဒရုန်းနဲ့လာချနေတာ။ အဲဒီဘုန်းကြီးကျောင်း နားတစ်ဝိုက်ကအိမ်တွေ အကုန်ပျက်စီးကုန်ပြီ”

ဒီနေ့ မတ်လ ၆ ရက် ‌မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကလည်း အုမ္မသီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဂျက်လေယာဉ် တစ်စီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

နောင်ချိုမြို့ မိုင် ၂၀ ကွာဝေးတဲ့ တောင်ခမ်းမှာလည်း တအာင်းတပ်မတော်-TNLAနဲ့ စစ်တပ်တို့ ၆ လနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းကို အပြင်းအထန်အသုံးပြုခဲ့တာကြောင့် TNLA က နေရာတစ်ချို့တွေကို လက်လွှတ်ခဲ့ရပါတယ်။

နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ဇူလိုင် ၁၀ ရက်မှာ TNLA နဲ့ ပူပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။