ဓာတ်ပုံ – Local

ယာရူစိင်၊ မတ်လ ၅ ရက်၊ မူဆယ်

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်မှာ ဆိုင်ကယ်တင်သွင်းခွင့် အခွန်ဆိုပြီး ငွေ အဆမတန် တောင်းနေတယ်လို့ သိရပါတယ်။

အရင်က တရုတ်နယ်စပ်ကနေ မြန်မာနယ်စပ်ဘက်ကို တင်သွင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို ယွမ် ၁၀၀ ( ၆ သောင်း)ကျပ်သာပေးရပေမဲ့ လက်ရှိမှာတော့ ယွမ် ၃၀၀ (၁၈၀၀၀၀)ကျပ်အထိ ပေးဆောင်နေရတယ်လို့ မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တရုတ်ကနေ ထွက်လာတာ နှစ်မျိုးရှိတယ်။ ဘတ်ထရီဘီးနဲ့ စက်ဘီးပေါ့။ ဘတ်ထရီဘီးကျ တရုတ်ကနေ မြန်မာဘက် တင်သွင်းခွင့်ရတယ်။ ဒါပေမဲ့ လမ်းရှင်းကြေးက အရမ်းများတယ် ဆိုင်ကယ်တွေကို လမ်းကြောင်းရှင်းပေးတဲ့ လမ်းရှင်းကလည်း အရင်က ကုန်သည်တွေဆိုင်ကယ်ကို တာဝန်ယူပြီးထုတ်‌ပေးတယ်။ ဒီနောက်ပိုင်းကျ သူမထုတ်ပေးတော့ဘူး”

ဆင်ဖြူပေါက်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ်တွေဟာ လူထုဆီ ငွေ အပြည့်အဝကောက်ယူနေပေမဲ့ ဆိုင်ကယ်တင်သွင်းခွင့်ရတဲ့ လူထုတွေရှိသလို တင်သွင်းခွင့်မရတဲ့ လူထုတွေလဲ ရှိနေတယ်လို့ နောက်ထက်မြေပြင်အခြေအနေ သိရှိသူ တစ်ဦးက ပြောပါတယ်။

“သူ့တို့စိတ်ကြိုက် သူတို့လုပ်တယ်။ ဆိုင်ကယ် ထုတ်ပေးချင်ရင် ထုတ်ပေးတယ်ပေါ့။ တခါတလေဆို လူထုတွေက ပိုက်ဆံ အရမ်းရှုံးတယ်လေ။ အရင်ကတော့ အဲလောက် အခွန်ကြေးမပေးရပါဘူး။ အစ‌တုန်းက ၁ သောင်း ၂ သောင်းလောက်ပဲ ပိုပေးရတာ။ ခုက အရမ်းများတယ်လေ”

လက်ရှိမှာတော့ ဆင်‌ဖြူပေါက်ကနေ စားသုံးကုန်အပြင် အခြားဘာပစ္စည်းမှာ သယ်ယူခွင့်မပြုသေး‌ပေမဲ့ ဆိုင်ကယ်ကိုတော့ တရားဝင် တင်သွင်းခွင့် ပြုထားတာမဟုတ်‌ကြောင်းကို ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ‌၂၀၂၄ အောက်တိုဘာ ၂၂ ရက်မှာ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်ဂိတ်တွေကို တရုတ်က ကုန်ပစ္စည်း တင်းတင်းကြပ်ကြပ်စစ်ဆေးပြီး သယ်ယူခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။