ဓာတ်ပုံ – Local

သူတော်စိန်၊ မတ်လ ၄ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက်သို့ ပွဲစားကနေတစ်ဆင့် တရားမဝင် ခိုးပေါက်ကနေ ဝင်နေတဲ့သူတွေကို ရဲတွေက ငွေ အဆမတန် တောင်းတာတွေရှိသလို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ ပြန်လွှတ်လာတဲ့ ကိုအိုက်သန်းက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့ ဆင်ဖြူဂိတ်အနီးမှာရှိတဲ့ တရားမဝင်ခိုးပေါက်မှာ တာဝန်ကျရဲတပ်ဖွဲ့နဲ့ အပိုင်နယ်ထိန်းတွေဆီ တရုတ်ယွမ် ၁၀၀ ပေးမှသာ ဖြတ်သန်းခွင့်ရပြီး ငွေမပေးနိုင်သူကိုတော့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးပြီး နန်းတော်ပေါက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ဝန်ထမ်းတွေဆီ အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြန်လွှတ်လာတဲ့ ကိုအိုက်သန်းက “ရဲခွေးတွေက ငွေမရလို့ ကျနော့ကို နန်းတော်ဂိတ်က လဝကတွေဆီ အပ်လိုက်တယ်။ အဲလဝကတွေက မူးမူးရူးရူးနဲ့ တစ်ညလုံးရိုက်တာ ဘယ်လိုမှ တောင်းပန်လို့ မရဘူး။ ကျနော်က ပလောင်လူမျိုးဖြစ်နေတော့ ပိုရိုက်ကြတယ်။ တညလုံးရိုက်နှက်ပြီးတော့ နောက်နေ့မနက်မှ ပြန်လွတ်ပေးတာ”လို့ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မူဆယ်မြို့မရဲ့ ရဲစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က တာဝန်ကျနေတဲ့ ရဲ (တာဝန်မှူး)ကို ဖုန်းနဲ့ တိုင်ကြားခဲ့‌ပေမယ့် ဒီကိစ္စဟာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့သာ ပြောပါတယ်။

တာဝန်မှူး ရဲအရာရှိက “ခင်ဗျားအမှုဖွင့်မယ်ဆို ကိုယ်တိုင်လာခဲ့လေ။ ဒါတွေက ကျနော်တို့နဲ့ မဆိုင်ဘူး။ နယ်ထိန်းကို ပြောရမှာဆိုပြီး ဖုန်းချသွားတယ်” ဆိုပြီး ၎င်းကို ပြန်ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် ညကလည်း အပိုင်နယ်ထိန်းဖြစ်တဲ့ တပ်ကြပ်အောင်ကိုတို့အဖွဲ့က ခိုးပေါက်ကနေ ဖြတ်သန်းလာတဲ့ မိန်းကလေးနှစ်ဦးနဲ့ ယောက်ျားလေးတစ်ဦးထံ တရုတ်ယွမ် ၁၀၀ နဲ့ Samsung ဖုန်းတစ်လုံးကို ယူထားပြီး မူဆယ်ဘက် ပြန်ထွက်မှ ယွမ် (၅၀၀) နဲ့ လာရွေးခိုင်းထားတယ်လို့ သိရပါတယ်။

တရုတ်ပြည်မှာ အလုပ်ကောင်းရမယ်ဆိုပြီး ခိုးပေါက်ကနေ သွင်းခံခဲ့ရတဲ့ အမျိုးသမီး ၃ ဦးလည်း ပွဲစားခ တစ်ယောက်ကို တရုတ်ယွမ် ၂ သောင်း ပေးနိုင်မှသာ ပွဲစားက မူဆယ်ပြန်ပို့ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုခံရတဲ့အကြောင်း မူဆယ်ခိုးပေါက်ကနေ ထွက်လာသူ ၃ ဦးက ပြောပါတယ်။

“သမီးတို့က ရမည်းသင်းကလာတာ။ ဒီရောက်တော့ ပွဲစားမိန်းမက အလုပ်ကောင်းကောင်း ရှိတယ်ဆိုပြီး ကျယ်‌ဂေါင်ထဲကို ခိုးပေါက်က သွင်းခဲ့တာပဲ။ ရဲတွေကို ပိုက်ဆံပေးတာ တွေ့တယ်။ ကျယ်‌ဂေါင်ရောက်တော့ သမီးတို့ ၃ ယောက်ကို တော်ဝင်နှင်းဆီအနှိပ်ခန်းကို ပို့ခဲ့တာ။ ပြန်လို့လည်း မရဘူး။ ပြန်ရင် ပွဲစားခပြန်ပေးရမယ်ဆိုပြီး သမီးတို့က ၂ နှစ်ဆပ်ခဲ့ရတယ်”လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တရုတ်- မြန်မာနယ်စပ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့် BP စာအုပ်အနီကို မူဆယ်ခရိုင်လဝကဝန်ထမ်းတွေက အဆမတန် ငွေကြေးတောင်းယူနေတာကြောင့် တရားဝင်ဂိတ်ဖြစ်တဲ့ နန်းတော်ပေါက်နဲ့ ဆင်ဖြူ‌ပေါက်ဂိတ်တွေ‌ကို မဖြတ်တော့ဘဲ ခိုးပေါက်ကိုသာ အသုံးပြုလာကြတာလို့ စုံစမ်းသိရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။