လွေးထွေး၊ ‌မတ်လ ၂ ရက်၊ နောင်ချို

‌ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ‌ နေ့စဉ် ဖြစ်ပွားနေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ မတ်လ ၁ ရက်အထိ မြေပြင်ကနေပါ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တောင်းခမ်းနဲ့ တောင်ရှည်မှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတာပါ။

မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက “တိုက်ပွဲက နေ့တိုင်း ဖြစ်တယ်။ စကစက ‌လက်နက်ကြီးတွေတော့ သုံးတယ်။ လေယာဉ်တော့ မလာတာ ၃၊ ၄ ရက်ရှိပြီ။ မြေပြင်ကနေ စကစက နေ့တိုင်း ထိုးစစ်ဆင်လာတယ်” လို့ ပြောပါတယ်။

တောင်းခမ်းမှာ စစ်တပ်နဲ့ TNLA တို့ ၆ လ နီးပါးကြာ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကို အပြင်းအထန် အသုံးပြုခဲ့တာကြောင့် နေရာတချို့ကို TNLA က လက်လွှတ်ခဲ့ရပါတယ်။

တောင်းခမ်းအပြင် တောင်ရှည်နဲ့ ဂန့်ကော်၊ အုမ္မတီး စတဲ့နေရာမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ကလည်း နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တောင်းခမ်းနဲ့ မိုင် ၂၀ သာဝေးတဲ့ နောင်ချိုမြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂ဝ၂၄ ဇူလိုင် ၁ဝ ရက်မှာ TNLA နဲ့ ပူးပေါင်တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။