ဓာတ်ပုံ – CJ

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ နောင်ချို

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် ရွှေမုဌောရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၂ ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့တာကြောင့် သီလရှင်တစ်ပါး ဒဏ်ရာ ရတာအပြင် နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့​ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်မှာ MiG-29 နဲ့ ဂျက်ဖိုက်တာ အသုံးပြုပြီး ၂ ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်ကလည်း ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း နောင်ချိုမြို့နယ် တောင်ရှည်နဲ့ မန်မော်ရွာကြား စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်တပ်နဲ့ TNLA ရဲ့ ဆွေးနွေးပွဲရလဒ် မထွက်ဘဲ ပြီးဆုံးပြီးနောက် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ဒေသကို မြေပြင်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်း တိုက်ခိုက်မှုလည်း မကြာခဏ ပြုလုပ်လာနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဖေဖော်ဝါရီ ၂၂ ရက်အထိ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။