ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ လားရှိုး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

စစ်ကောင်စီရဲ့ သတင်းတွေကိုသာ ရေးသားဖော်ပြနေတဲ့ Follower ၅၀၀ ကျော်ရှိတဲ့ Facebook page တစ်ခုဖြစ်တဲ့ Crystal queen က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ရေးသားဖော်ပြထားတာကို တွေ့ရပြီး အဲဒီသတင်းကို နှစ်သက်သူ(Like) ၂၂ ခုနဲ့ ပြန်လည် မျှဝေသူ(Share) ၁၉ ခု ရှိပါတယ်။

“မြို့ထဲ ပြန်မလာနိုင်တဲ့ စစ်ရှောင်‌ဒေသခံတွေရဲ့ အိမ်ကြီး အိမ်ကောင်းတွေကို ရောင်းစားထားတာ။ အိမ်စောင့်တွေကိုလည်း ခြိမ်းခြောက်တာ ရှိတယ်။ အိမ်ရှင် ပြန်မလာရင် အိမ်တွေ သိမ်းမယ်လို့ တကန့်လိုတွေက ပြောတယ်” ဆိုပြီး ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

အပြည့်အစုံကို ဒီ Archive link- https://archive.ph/WoPSV/image မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

အဲဒီရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး ရွှေဖီမြေရဲ့ အချက်အလက် စစ်ဆေးတဲ့အဖွဲ့က စိစစ်ကြည့်ရာမှာ မှားယွင်းတင်ဆက်တဲ့ အကြောင်းအရာတွေသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

#သတင်းအမှားဖြစ်ကြောင်း စစ်ဆေးအတည်ပြုချက်

လက်ရှိ လားရှိုးမြို့ထဲ ရှိနေတဲ့ ဒေသခံနဲ့ ကိုးကန့်တပ်ဖက်က တာဝန်ရှိသူကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းရာမှာ မသိရှိရကြောင်းနဲ့ အဲလိုဖြစ်စဉ်မျိုး လုပ်ဆောင်တာ မရှိကြောင်း တုန့်ပြန်ထားကြပါတယ်။

“အဲလို စစ်ရှောင်အိမ်တွေကို သိမ်းတာ မရှိပါဘူး။ ဗိုလ်ကြီး၊ စစ်အရာရှိတွေရဲ့ အိမ်တွေကိုတော့ ပြန်အငှားလုပ်တာတော့ ကြားတယ်” ဆိုပြီး ရွှေဖီမြေရဲ့ မေးမြန်းချက်ကို လားရှိုးမြို့နေ အမျိုးသမီးတစ်ဦးက အခုလို ပြန်ပြောတာပါ။

MNDAA ရဲ့ လားရှိုး ပြန်လည်ထူထောင်ရေးမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျနော်တို့ အဲလိုလုပ်ရပ်မျိုး လုပ်ဆောင်တာ မရှိပါဘူး။ သတင်းအမှားသာ ဖြစ်တယ်” ဆိုပြီး ရွှေဖီမြေကို ဖြေဆိုထားပါတယ်။

ဒါ့အပြင် ဒေသတွင်းက သတင်းဌာနတွေအပြင် တခြားသော လွတ်လတ်တဲ့ သတင်းဌာနကြီးမှာလည်း အဲဒီသတင်းပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတာကို မတွေ့ရပါဘူး။

ဒါ့ကြောင့် Crystal queen ဆိုတဲ့ Facebook page မှ ရေးသားတင်ဆက်ထားတဲ့ အကြောင်းအရာတွေမှာ မှားယွင်းတင်ဆက်တဲ့ သတင်းအကြောင်းအရာသာ ဖြစ်ပါတယ်။

စစ်ကောင်စီက နိုင်ငံတဝှမ်းမှာ စစ်ရေး ရှုံးနိမ့်မှု ကြုံလာတာနဲ့အမျှ စစ်ကောင်စီ ထောက်ခံသူတွေကလည်း သတင်းအမှားကို ရည်ရွယ်ချက်ရှိရှိ နည်းအမျိုးမျိုးနဲ့ ဆိုရှယ်ပလက်ဖောင်းမှာ ပုံဖော်ရေးသား ဖြန့်ဝေလာတာ တွေ့ရပါတယ်။

၎င်းတို့ ဖြန့်ချိနေတဲ့ သတင်းတု သတင်းအမှားတွေကို Myanmar Fcat-checking Network- MFCN ရဲ့ အဖွဲ့ဝင်တွေက အချက်အလက် စစ်ဆေးထားပြီး ဝင်ရောက်ဖတ်ရှုလိုပါက MFCN ရဲ့ Facebook page https://www.facebook.com/share/1Kc7vhuUAs/?mibextid=wwXIfr မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

#သုံးသပ်ချက်

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA တို့ အပစ်ရပ်ပြီး ကိုးကန့်တပ်အနေနဲ့လည်း လားရှိုးမြို့ကနေ ဇွန်လ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရမယ်ဆိုတဲ့သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း စစ်ကောင်စီထောက်ခံသူတွေက လားရှိုးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းအမှားတွေကို ချန်နယ်ပေါင်းစုံကနေ ဖြန့်ဝေလာကြတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရွှေဖီမြေရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ အွန်လိုင်းပေါ်မှာ တက်လာတဲ့ သတင်းတိုင်းကို အလွယ်တကူ မယုံကြဘဲ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေ ရေးသားတင်ဆက်ထားတဲ့ သတင်းကိုသာ ရှာဖွေဖတ်ရှုကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ဝိုင်းပိတ်ထားတာကြောင့် TNLA က အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် TNLA က မြို့လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ကြေညာလိုက်ရတယ်ဆိုတဲ့ သတင်းအမှား ထွက်ပေါ်နေပါတယ်။