ဓာတ်ပုံ – CJ

ပျားကြီး၊ ဖေဖော်ဝါရီ ၂၄ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရွာက နေအိမ်ပေါင်း ၁ ထောင်နီးပါးကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ စက်ယန္တရားကြီး အသုံးပြုပြီး အင်အားသုံး ဖြိုဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေဧက ၂၀၀ ကျော်ရှိပြီး ပြင်ဦးလွင်မြို့ရှောင်လမ်းအနီးက အချက်အချာကျတဲ့ ရေချမ်းအိုးရွာကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံက သိမ်းယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“လွယ်လွယ်နဲ့ ဝယ်ထားရတာ မဟုတ်ဘူးဗျ။ အခြားနည်းသုံးစွဲခွင့် ကျထားပြီးသားမြေတွေ ပါတယ်။ တချို့ဆို ဂရန်ပါ ရထားပြီးပြီ။ အဲဒါကို အဓမ္မ သိမ်းချင်နေတာ။ မျိုးအောင် (စစ်ကောင်စီခန့် လက်ရှိ မန္တလေးတိုင်း ဝန်ကြီးချုပ်)ကိုယ်တိုင် ဦးစီးပြီး ဘူဒိုဇာနဲ့ ထိုးနေတာပဲ” လို့ နေအိမ် ဖြိုဖျက်ခံခဲ့ရသူ ဒေသခံတစ်ဦးက ပြောပါတယ်။

လူဦးရေ ၃ သောင်းကျော် နေထိုင်တဲ့ ရေချမ်းအိုးရွာကို ၂၀၀၀ ပြည့်နှစ်ကစပြီး စစ်တပ်ပိုင်မြေအဖြစ် သတ်မှတ်သိမ်းယူခဲ့ပေမဲ့ NLD အစိုးရလက်ထက်မှာ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှု အထောက်အထားအစုံအလင်နဲ့ တင်ပြနိုင်ခဲ့မှုကြောင့် သိမ်းယူနိုင်မှု မရှိခဲ့ဘဲ အာဏာသိမ်းပြီးနောက် ထင်ရာစိုင်းပြီး ပြန်လည် သိမ်းယူဖို့ လုပ်ဆောင်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ဖြိုဖျက်ခံရမှုဟာ အာဏာသိမ်းပြီး နောက်ပိုင်း ၄ ကြိမ်မြောက် လာရောက်လုပ်ဆောင်မှုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ၃ ကြိမ် လာရောက် ဖြိုဖျက်မှု ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဖြိုဖျက်ဖို့ မှင်နီတား သတ်မှတ်ထားတဲ့ နေရာတွေဟာ မန္တလေး-လားရှိုး ကားလမ်းမနဲ့ မြို့ရှောင်လမ်းကြားမှာရှိပြီး အချက်အချာ ကျတာကြောင့် စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူက သိမ်းယူဖို့အပြင်းအထန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။