ဓာတ်ပုံ – CJ

ပို့လဘား၊ ဖေဖော်ဝါရီ ၂၁ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ‌ဂျက်ဖိုက်တာ လေယာဉ်နဲ့ ‌ဗုံးကြဲတိုက်ခိုက်တာကြောင့် အဘွားအို ၁ ဦး သေဆုံးပြီး ကလေးငယ်တစ်ယောက်အပါအဝင် ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီခွဲမှာ နောင်ချိုမြို့နယ် လောက်ဖန်းရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဂျက်နဲ့ ၂ လုံး လာချတာ။ ဘေးရွာတွေရောပဲ။ ပေါင် ၅၀၀ အလုံးက မပေါက်ကွဲလို့ပေါ့။ အဖွားကြီးတစ်ယောက်ကတော့ ထိပြီး ပွဲချင်း သေတယ်”

တရုတ်နိုင်ငံ ကူမင်းမြို့က ဆွေးနွေးပွဲအပြီးမှာ စစ်တပ်က တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ‌ဒေသတွေကို နေ့စဉ်လိုလို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီကျော်မှာ နောင်ချိုမြို့မှာရှိတဲ့ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် ဗုံး ၂ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့လို့ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။