ဓာတ်ပုံ – Google Map

မြတ်နိုး၊ ဖေဖော်ဝါရီ ၂၀ ရက်၊ ဗန်းမော်

ဗန်းမော်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခု ထပ်မံ သိမ်းပိုက်ခံရပြီးနောက် လေကြောင်းနဲ့ပါ အပြင်းအထန် ပြန်လည် ခုခံတိုက်ခိုက် နေတယ်လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရွှေဖီမြေကို ပြောပါတယ်။

“ဗန်းမော်က စစ်ကောင်စီတွေ စုပြီး ခုခံနေတဲ့ ‌‌‌‌‌‌‌‌‌‌စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၃၆ ကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မနက် အပြီးသတ် ရှင်းလင်းလိုက်ပြီ” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီ ခလရ ၂၃၆ တပ်စခန်းဟာ စကခ ၂၁ ကို အကာအကွယ် ပေးနေတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂ ရက်က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆုတ်ခွာထားခဲ့ရတဲ့ အမတ ၃၆၆ ကိုလည်း မနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က ဗန်းမော်စစ်ပွဲမှာ ကမ္ဘာက အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ Thermobaric bomb တွေကို ရုရှားအကူအညီနဲ့ အသုံးပြုနေတယ်” လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောဆိုပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

လက်ရှိ စကခ ၂၁ အနီးမှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ဗန်းမော်မြို့ရှိ မဆရ ၁၁၊ ဆသရ ၅၊ ထပရ ၉၃၃၊ စအရ ၉၁၄၊ စနခ ၆၄၁၊ ခလရ ၄၇ တွေကို ထိုးစစ်ဆင် တိုက်ခိုက်တာ မရှိသေးဘူးလို့ သူက ပြောပါတယ်။

စစ်တပ်ဘက်က ဒရုန်းနဲ့ လေယာဉ်ကို အဓိက အားထား ခုခံတိုက်ခိုက်နေပြီး မြေပြင်မှာ ဝိုင်းရံပိတ်ဆို့ခံထားရတာ​ေကြာင့် စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ချပေးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဗန်းမော် ၂၃၆ နောက်ဆုတ်ပေးလိုက်ရပြီး ၃၆၆ ကို အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ခံရကာ စကခ ၂၁ အတွက်တော့ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေကြောင်း၊ စစ်ရဲ့သဘောတရားအရ ရှေ့တိုးနောက်ဆုတ် ရှိမှာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၉ ရက် တစ်ရက်အတွင်း စစ်တပ်က ဗန်းမော်မြို့ကို လေကြောင်းနဲ့ ၁၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တပ်ဘက်ကတော့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ မြို့သစ်အနီးက ဝင်း၊ နှင်းအီရွာအပြင် စင်းခန်းနဲ့ ဗန်းမော်တစ်ဖက်ကမ်းရှိ ပါပေါင်း၊ ငှက်ပျောတော၊ သဖန်းပင်၊ မြစေတီရွာဘက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒီရက်ပိုင်းအတွင်း လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံတွဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။