ဓာတ်ပုံ – Koko Tun Naing

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ နောင်ချို

တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော်- PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီကျော်မှာ နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် ဗုံး ၂ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့က ဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ TNLA တို့ နှစ်ဖက်တောင်းဆိုမှု အပြန်အလှန် ပြုလုပ်ခဲ့ကြပြီး ဆက်လက်ဆွေးနွေးဖို့ ခက်ခဲလာတဲ့အတွက် ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းမှာ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပြီးနောက် တအာင်းတပ် ထိန်းချုပ်တဲ့ မြို့ကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ပြုလုပ်နေစဉ် ဖေဖော်ဝါရီ ၁၇ ရက်ကလည်း နောင်ချိုနဲ့ နမ္မတူမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဟာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး လူထုတွေအနေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ရှောင်ရှားနိုင်ဖို့က စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း နောင်ချိုမြို့ သပြေတောင် ဘုရားကုန်းပေါ်မှာ လေကြောင်းကနေ‌ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။