ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကျောက်မဲ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ တအာင်းတပ်မတော်- TNLA ရဲ့ ဝတ်စုံကို အလွှဲသုံးစားလုပ်ပြီး ခိုးမှု၊ ခြိမ်းခြောက်မှု ပြုလုပ်သူတွေ ရှိနေတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူ ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ TNLA ရဲ့ဝတ်စုံ ဝတ်ထားသူက အိမ်ထဲ ဝင်လာပြီးတော့ ရဲတပ်ဖွဲ့ကဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

“အဲနေ့က အဲနှစ်ယောက်က အဖွားကို သွားခြိမ်းခြောက်တာ။ အင်္ကျီအဖြူနဲ့တစ်ယောက် ပြောတာက ငါက TNLA တဲ့၊ အင်္ကျီအမဲရောင်နဲ့တစ်ယောက် ပြောတာက ငါက ရဲတဲ့။ ပြီးမှ အဖွားက အိမ်သာဘက်သွား‌တော့ ဖုန်းကို ခိုးယူသွားတာ”

TNLA ရဲ့ နာမည်နဲ့ ဝတ်စုံ အလွှဲသုံးစား လုပ်တဲ့သူ ၃ ဦးကို ဖမ်းမိထားတယ်လို့ ကျောက်မဲမြို့မှ တအာင်းတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့ ဖမ်းမိထားတဲ့သူတွေက စစ်သားထဲက တစ်ယောက်မှ မဟုတ်ဘူး။ ဒေသခံတွေဘဲ။ TNLA ဝတ်စုံ ဝတ်ပြီး ဒေသခံတွေကို ခြိမ်းခြောက်တာ။ အဲဒီဝတ်စုံတွေလည်း ပစ်ထားတဲ့ ဝတ်စုံအဟောင်းတွေပါ”

ကျောက်မဲမြို့မှာ ဆိုင်ကယ်ပါဝါအိတ်ဇော တပ်ပြီး မောင်းလာတဲ့ ဒေသခံ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းပြီး ဒဏ်ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းတဲ့ဖြစ်စဥ္ကလည်း ရဲတပ်ဖွဲ့ထဲကမဟုတ်ဘဲ အခုလို ဖြစ်ရပ်မျိုးရှိရင် လာရောက် တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်ကိစ္စလည်း ကျနော်တို့ စစ်ဆေးကြည့်ပြီးပြီ။ ကျနော်တို့ တပ်ဖွဲ့ထဲက မဟုတ်ဘူး။ ‌သူတို့‌ပြောနေတဲ့ ဖုန်းဆိုင်တွေမှာ ပိုက်ဆံ‌ လိုက်ကောက်တယ်ဆိုတာလည်း ကျနော်တို့ထဲက မဟုတ်ဘူး။ TNLA နာမည်ကို အလွှဲသုံးစား လုပ်တာ”

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ဩဂုတ် ၅ ရက်မှာ တအာင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးတော့ လက်ရှိမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။