ဓာတ်ပုံ – Namh San Thar

ပို့လဘား၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မူဆယ်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ ဟိုနားရပ်ကွက်မှာရှိတဲ့ ရွှေစင်မင်း KTV လမ်းကြားမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိခဲ့တယ်လို့ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းတစ်ဦးက ပြောပါတယ်။

‌မနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ အဲဒီအမျိုးသားက ဟိုနားရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်ကပစ္စည်း ဝင်ခိုးရာ အိမ်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့တာပါ။

“သူက ဘိန်းစားသမားပေါ့နော်။ သူ ခဏခဏ ခိုးနေတာပဲတဲ့။ အဲအိမ်မှာရှိတဲ့ ဆိုင်ကယ်တွေရော ရေခဲသေတ္တာတွေရော သူခိုးနေတာ။ အဲအိမ်မှာတော့ လူနေတာ မရှိဘူး။ မနေ့ညက သူပြုတ်ကျလို့ ထင်တယ်။ ရာသီဉတုက အေးတယ်ဆိုတော့။ သူကမီတာဘောက် ဝင်ခိုးတာ‌ပေါ့။ အိမ်နီးချင်းက အသံကြားတော့ ထတယ်ဆိုတဲ့သဘောနဲ့။ သူကအလန့်တကြားနဲ့ အပေါ်ပြန်တက်တဲ့အချိန်မှာ အဲဒီမီတာဘောက်နဲ့ အုတ်တံတိုင်းကြားမှာ ပြုတ်ကျတာ။ သူများမသိလိုက်ဘူး။ အဲမှာပဲ သူအအေးပတ်ပြီး သေသွားတာ ဖြစ်နိုင်တယ်။ ဒီမနက်ကျ ဟိုနားရပ်ကွက် နယ်မြေမှူးက ကျနော်တို့ဆီ ဖုန်းဆက် အကူအညီ တောင်းလာတာ”

သေဆုံးသူ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းကို လက်ဖက်ညွန့် လူမှုကူညီရေးအသင်းနဲ့ မြင်မြတ်ပါရမီအသင်းက သွားရောက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မူဆယ်မြို့မှာ မူးယစ်ဆေး သုံးစွဲရင်း လမ်းဘေးမှာ သေဆုံးသွားတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့ရှိနေတဲ့မြို့လည်း ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ အရင်ကထက် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်း ပိုများလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။