ဓာတ်ပုံ – CJ

မြတ်နိုး၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်မှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်- KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံအပြင် ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဒီမနက် အစောပိုင်းကတည်းက ဗန်းမော်မှာ တိုက်ပွဲ တော်တော် ပြန်ပြင်းထန်နေတယ်။ လေယာဉ်ဗုံးကြဲ‌သံတွေ တရုတ် နယ်စပ်ဘက်ထိတောင် နေအိမ်တွေ တုန်ခါနေတယ်။ အသံတွေ ကြားပြီး အလုပ်တောင် မလုပ်တတ်တော့ဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးလာကြဲတာ ၁၁ စီးလောက် ရှိသွားပြီလို့ သူက ပြောပါတယ်။

“မနေ့က‌ စစ်ကောင်စီဘက်က ဒရုန်း ၂ စီးကို ပစ်ချလိုက်နိုင်တယ်။ အဲဒါကြောင့် ဒီနေ့ လေယာဉ်နဲ့ တရစပ် ဗုံးကြဲနေတာလား မသိဘူး” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့မှာတော့ ဗန်းမော်မြို့ရဲ့ နေရာ ၃ နေရာခန့်မှာ တိုက်ပွဲ ပြင်းထန်နေပြီး မနေ့က စစ်တပ်ရဲ့ ဒရုန်းကို လက်နက်အသေး KA 2.5 နဲ့ ပစ်ချနိုင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်က စဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်အထိအခိုက် အကျအဆုံး များနေပေမဲ့ မြေပြင်အချက်အလက်ကတော့ မသိရသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။