ဓာတ်ပုံ – SPM

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ နောင်ချို

တရုတ်ရဲ့ စီစဥ်ပေးမှုနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့ ဆွေးနွေးနေချိန် နောင်ချိုမြို့နယ်မှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ စစ်ကောင်စီရဲ့ အမြှောက်တပ်တွေ တည်ရှိရာ တောင်းခမ်းရွာအနီး နားရှိုးရွာမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီ ထိုးလာနေတာ။ တိုက်ပွဲက နေ့တိုင်းလိုလို ပြင်းထန်နေတယ်။ ဒီနေ့ နားရှိုးမှာ ဖြစ်တာ။ လေယာဥ်နဲ့လည်း လာကြဲနေတယ်” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း စစ်တပ်ဟာ တောင်းခမ်းရွာအနီးတစ်ဝိုက် တစ်နေကုန်နီးပါး Y-12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ TNLA တို့အကြား ဆွေးနွေးပွဲ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း ကိုးကန့်တပ်မတော်- MNDAA နဲ့ သဘောတူညီမှု ရရှိထားတဲ့ စစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးမယ့်သဘောဆောင်ပြီး တောင်းခမ်းရွာ၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ထိုးစစ်တွေ ပိုလုပ်လာပြီး လေကြောင်း ပိုမိုအသုံးပြုကာ တိုက်ခိုက်နေတယ်လို့ ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်တပ်က TNLA ထိန်းချုပ်‌ထားတဲ့ နောင်ချိုမြို့နယ်​ကို လက်နက်ကြီးနဲ့ လေကြောင်းကနေ ​ဗုံး ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ TNLA က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။