ဓာတ်ပုံ – Local

ယာရူစိင်၊ ဖေဖော်ဝါရီ ၁၂ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် ဦးသန်းထွေးအောင်ဟာ မူးယစ်ဆေးသယ်ဆောင်လို့ ပစ်ခတ်တာ မဟုတ်ဘဲ မှားယွင်းပစ်ခတ်ခံရတာဖြစ်ကြောင်း မိသားစု‌ဝင်က ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက် ၁ နာရီဝန်းကျင်မှာ KTV ကနေ ကားမောင်းလာတဲ့ ဦးသန်းထွေးအောင်ကို နမ့်ဖတ်ကာ ပြည်သူ့စစ်က သေနတ်နဲ့ချိန်ပြီး စစ်ဆေးဖို့တားတာကို ဓားပြတိုက်သူလို့ထင်ပြီး ကားကို ဆက်မောင်းခဲ့တာလို့ ဆိုပါတယ်။

“သူတို့ ကားကို တားတဲ့အချိန်မှာ ကားကို သူရပ်ပေးလိုက်တယ်။ မှန်ချဆိုတော့ သူ မှန်လဲချပေးတယ်။ သူတို့က ယူနီဖောင်း အမဲရောင် ဝတ်ထားတာဆိုတော့ ပြီးရင် သူ့ကိုလည်း သေနတ်နဲ့ ကျဉ်ထိုးပြီး ထောက်တယ်။ ဓားပြတိုက်တယ်ထင်လို့ သူလဲ မောင်းပြေးဖို့ လုပ်တဲ့အချိန်မှာ သူတို့ နောက်ကနေ ပစ်တာပေါ့။ ကားထဲမှာလည်း ဘာပစ္စည်းမှ မပါဘူး။ သူ့ဖုန်းဆိုင်က မန်နေဂျာဖြစ်တဲ့အတွက် သေနတ်တွေလဲ မရှိဘူး။ မူးယစ်ဆေးဝါး ပစ္စည်းတွေလည်း ကားပေါ်မှာ သယ်ဆောင်ထားတာ မရှိပါဘူး။ အပြန်အလှန် ပစ်ခတ်တယ်ဆိုတာလည်း မရှိပါဘူး” လို့ ၎င်းရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မိသားစုဝင်အနေနဲ့ သေဆုံးသွားတဲ့သူကို နာမည်ဆိုးနဲ့ မကျန်စေချင်တာကြောင့် အမှန်တရား လိုလားကြောင်း ‌ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့ခံ အမျိုးသားတစ်ဦးကတော့ “အခုဆို မူဆယ်က ပြည်သူ့စစ်တွေ အမှောင်ထဲမှာဘဲ နေတယ်။ ပုန်းနေတဲ့ ပုံစံနဲ့ပေါ့။ ပြီးရင် သူတို့က ရုတ်တရက် တားလိုက်ရင် သတိမထားမိဘူး‌လေ။ တခါတလေကျရင် တားချင်မှ တားတာ။ ကျော်သွားရင်လဲ သူတို့က သေနတ်တွေ ချိန်ပြီး ပစ်တယ်။ သေသွားရင်တော့ တချို့ဆို မူးယစ်ဆေးဝါးတွေပါလို့ ပစ်တယ်ပေါ့” လို့ ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာဟာ မကြာခဏဆိုသလို ဓားပြတိုက်မှု ဖြစ်ပွားလေ့ရှိတဲ့နေရာ ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း ပိုများလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။