ဓာတ်ပုံ – Local (ပုံဟောင်း)

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ဗန်းမော်

ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ် ဗန်းမော် မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံးကာ အပြင်းအထန် ခုခံနေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ ဝန်ထမ်းတွေဟာ စစ်ဆင်ရေး ကွပ်ကဲမှုစစ်ဌာနချုပ် (၂၁)မှာ သွားစုနေကြပြီး စကခ ၂၁ မှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“သူတို့ (စစ်ကောင်စီ)လည်း ခံတပ်ပုံစံမျိုးနဲ့ အခိုင်အမာ ကတုတ်ကျင်းတွေ တူး။ အထက်မြင့် တိုက်တွေမှာ နေပြီးတော့ ကျနော်တို့ KIA တပ်ဖွဲ့တွေကို ပစ်တာမျိုး ရှိတယ်။ ကျနော်တို့လည်း လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ မနေ့ညနေပိုင်းကလည်း သူတို့လေကြောင်းနဲ့ တော်တော်များများ ခုခံတာ ရှိတယ်” လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက် အကျအဆုံး များနိုင်ပြီး အရေအတွက် အတိအကျတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်မှာ ဗန်းမော်အခြေစိုက် စစ်ကောင်စီရဲ့ တင့်ကားတပ်ရင်း (၅၀၁၄)ကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်း ထွက်ပေါ်နေပြီး ဗိုလ်မှူးကြီး နော်ဘူကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ အတည်ပြုချက် မပေးပါဘူး။

ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလထဲ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်တာ ၂ လကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ဗန်းမော်တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးဘဲ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချနခနယ်တွေမှာတော့ ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံး များကြောင်း ရေးသားဖော်ပြနေကြပါတယ်။

KIA ဟာ ကချင်ပြည်နယ်အတွင်းရှိ အထူးဒေသ (၁)အပါအဝင် မြို့ ၁ဝ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။