ဓာတ်ပုံ – Local (၂၀၂၃ ခုနှစ်တုန်းက ကျူးကျော်ဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့ ပြင်ဦးလွင်ထဲက နေအိမ်တချို့)

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ပြင်ဦးလွင်

စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် တည်ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ သစ်တောနယ်မြေနဲ့ မလွတ်လို့ဆိုပြီး နေအိမ်တွေကို စစ်ကောင်စီတပ်က ဘူဒိုဇာနဲ့ လိုက်လံဖျက်ဆီးနေတယ်လို့ ပြင်ဦးလွင်မြို့ခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်ကစပြီး ပြင်ဦးလွင်မြို့ ရပ်ကွက်(၁)နဲ့ တောင်ပြိုရွာရှိ နေအိမ်အပြင် ပြင်ဦးလွင်မြို့အနီးရှိ နေအိမ်တွေကိုလည်း စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က လိုက်လံဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။

“တစ်နေရာတည်း ဖျက်ခံရတာ မဟုတ်ဘူး။ ပြင်ဦးလွင် ပတ်ချာလည် အကုန်ပတ်ဖျက်တာ။ အများကြီးပဲ။ သစ်တောနယ်မြေနဲ့ မလွတ်ဘူးဆိုပြီး လိုက်ဖျက်တာ” လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘူဒိုဇာနဲ့ ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်တွေထဲ တိုက်အမြင့်တွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

လိုက်လံ ဖျက်ဆီးနေတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ကြောက်နေရတာကြောင့် နေအိမ် ဖျက်ဆီးခံရတဲ့ ဒေသခံတွေက ဘာမှ ပြန်မပြောရဲကြဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာလည်း ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၇)က တောင်ရတနာရပ်ကွက်ကို ကျူးကျော်နေရာဆိုပြီး စစ်ကောင်စီ လက်အောက်ခံ မီးရထားဌာနက အိမ်ခြေ ၃၄၅ အိမ်ကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။