ဓာတ်ပုံ – SAC

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၁ ရက်

စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အနီးစပ်ဆုံး တော်လှန်ရေး အင်အားစုတွေထံ ဘက်ပြောင်းခိုလှုံဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ သင်တန်း တက်နေတဲ့ကာလဖြစ်စေ၊ သင်တန်းပြီးတဲ့ကာလဖြစ်စေ၊ ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်တာ၊ နွေဦးတော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထံ ဆက်သွယ်ပြီး အလင်းဝင်ကြဖို့ NUG က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ယူသွားမှာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ပါလာတဲ့သူတွေကို ဆုငွေ ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းရှိ စစ်ပွဲတွေမှာ အကျအဆုံး များစွာနဲ့ ဆက်တိုက် ကြုံနေရတဲ့ စစ်တပ်ဟာ ၎င်းတို့ရဲ့ လူအင်အား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အဓမ္မ တပ်သားသစ် စုဆောင်းတဲ့ နည်းကို မိုက်မဲစွာ ကျင့်သုံးနေတယ်လို့ NUG က ဆိုပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ၎င်းတို့ အုပ်ချုပ်နိုင်တဲ့ ဒေသတွေမှာရှိတဲ့ လူငယ်တွေကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာ၊ ပေါ်တာ ဆွဲတာတွေ ပြုလုပ်နေပါတယ်။

“တပ်သားသစ်တော့ ဆက်တိုက် ကောက်နေတာ။ မသွားနိုင်ရင် သွားတဲ့သူတွေအစား ငွေပေးရတယ်” လို့ ပြင်ဦးလွင်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၉)အထိ ဖွင့်လှစ်ထားပြီး အပတ်စဥ် (၇)အထိတော့ သင်တန်း ဆင်းထားပြီးဖြစ်ကာ အပတ်စဉ်တစ်ခုကို သင်တန်းသား ဦးရေ ၅ ထောင်အထိ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ လူငယ် ၃၁ ဦးကို စစ်ကောင်စီတပ်ရဲ့ လက်ထဲကနေ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်က ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။