ဓာတ်ပုံ – CJ

ယာရူစိင်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ မူဆယ်

စစ်တပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မူးယစ်ဆေး သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၉ ရက် မနက်အစောပိုင်းက ကားမောင်းလာတဲ့ အမျိုးသားတစ်ဦးဟာ လမ်းမှာ စောင့်ဆိုင်းစစ်ဆေးနေတဲ့ ပြည်သူ့စစ်နဲ့ ထိပ်တိုက်တွေ့ပြီး အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာ မူးယစ်ဆေး သယ်ဆောင်တဲ့ အမျိုးသား သေဆုံးသွားခဲ့တာလို့ မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲဒီသေ‌သွားတဲ့ အမျိုးသားလဲ သေနတ် ပါတယ်။ သူ့ကို ရပ်ဖို့ တားတော့ သူမရပ်ပေးဘူး။ အဲဒါကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသွားတယ်။ သူကတော့ ပွဲချင်းပြီး သေသွားတယ်”

ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဦးသန်းထွေးအောင်ခေါ် ရှောင်ဖောင်းဆိုသူ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “သေဆုံးသွားတဲ့ အဲဒီအမျိုးသားက ဖုန်းဆိုင်တစ်ဆိုင်မှာ မန်နေဂျာ ရာထူးနေရာမှာ အလုပ် လုပ်တဲ့သူတစ်ယောက်လို့တော့ ကြားမိတယ်။ သူ့ကားပေါ်မှာ ပြည်သူ့စစ်က ပြန်စစ်ဆေးတဲ့အချိန်မှာ မူးယစ်ဆေးဝါးနဲ့ သေနတ်တွေ တွေ့တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၃ နာရီမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း ကင်းလှည့်နေတဲ့ စစ်တပ် လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ လက်နက်ကိုင်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း ပိုများလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။