လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၁၀ ရက်၊ လားရှိုး

တရုတ်နှစ်သစ်ကူးပွဲတော် ပြီးသွားပေမဲ့ ရှမ်းမြောက် လားရှိုးနဲ့ ကွတ်ခိုင်မြို့နယ်မှာ လက်ရှိအချိန်ထိ လောင်းကစားဝိုင်း ဆက်လက် ဖွင့်လှစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက်(၁၂)နဲ့ လွတ်လပ်ရေးပန်းခြံထဲက လောင်းကစားဝိုင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကတည်းက စဖွင့်ခဲ့ရာ လက်ရှိအချိန်ထိလည်း ဆက်ဖွင့်နေဆဲ ဖြစ်ပါတယ်။

လားရှိုးဒေသခံ အမျိုးသားတစ်ဦးက “နှစ်သစ်ကူးပြီးလို့ လောင်းကစားတွေ ပြန်ရှိလာမှာကို စိုးရိမ်ရတယ်။ နှစ်သစ်ပြီးရင် ပြန်ပြီး မဖွင့်စေချင်ဘူး။ ဒါတွေကို အမြစ်ပြတ်ဖို့ လိုမယ်။ လောင်းကစားရှိနေရင် သူခိုးတွေ ပေါမယ်။ လူငယ်တွေ စာရိတ္တ ပျက်ပြားလာမယ်။ အလွယ်မရရင် ဓားခုတ် လုတာမျိုးတွေအတွက်ဘဲ စိုးရိမ်မိတာ” လို့ ပြောပါတယ်။

အလားတူ တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက်(၄) ပန်းခြံထဲမှာလည်း တရုတ်နှစ်သစ်ကူးပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကတည်းက လောင်းကစားဝိုင်း ဖွင့်ခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်အထိလည်း ဆက်ဖွင့်နေဆဲ ဖြစ်ပါတယ်။

လောင်းကစားဝိုင်းတွေမှာ ကျား၊ မ အသက်အရွယ်မရွေး တွေ့ရပြီး အဓိကအားဖြင့် လူငယ်၊ လူလတ်ပိုင်းတွေ ပိုတွေ့ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက “ဝိုင်းတွေက တော်တော်စုံပါတယ်။ ၆ ကောင်တို့ ဘာတို့ကောပဲ။ လူပေါင်းစုံ လာဆော့တာ များတယ်။ ကျမဆိုလည်း သူငယ်ချင်းကို ဆိုင်ကယ် ခဏ ငှားပေးတာ ဂိမ်းရှုံးလို့လား ဘာလားမသိဘူး။ ကျမဆိုင်ကယ်ကို သွားပေါင်ထားတယ်တဲ့။ ကျမတို့ ဆိုင် လာဝယ်တဲ့ ဧည့်သည်တွေလည်း ခဏခဏ ဆိုင်ကယ် ပေါင်စားခံရတာတွေ လာပြောကြတယ်” လို့ ပြောပါတယ်။

အဲဒီ လောင်းကစားဝိုင်းတွေမှာ ခြောက်ကောင်၊ လေးကောင်ဂျင်၊ ဖဲဝိုင်းနဲ့ ငါးမန်းပစ် ဂိမ်းခုံတွေ ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သိန္နီ၊ မူဆယ်နဲ့ တန့်ယန်းမြို့နယ်မှာဘည်း တရုတ်နှစ်သစ်ကူးကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ကျင်းပနေကြတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။