ဓာတ်ပုံ – TNLA

လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၈ ရက်၊ နမ့်ဆန်

တအာင်းတပ်- TNLA ထိန်းချုပ်ဒေသတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦးနဲ့ သုံးစွဲသူ ၁၂၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကျောက်မဲခရိုင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၃၈ ဦး၊ မိုးကုတ်ခရိုင်မှာ ၁၁ ဦး၊ ကွတ်ခိုင်ခရိုင်မှာ ၁၅ ဦး၊ နမ့်ဆန်ခရိုင်မှာ ၈ ဦး၊ နမ့်ခမ်းခရိုင်မှာ ၅၄ ဦး စုစုပေါင်း သုံးစွဲသူ ၁၂၆ ဦးကို TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကွတ်ခိုင်ဒေသခံ လူငယ်အမျိုးသားတစ်ဦးက “အခုချိန် ပေါမှပေါ။ ပိုက်ဆံရှိဖို့ဘဲ လိုတယ်။ အဓိက ရွာမှာ ပိုများတယ်။ မီးသွေး ဖုတ်နေတဲ့သူတွေ။ မြို့ထဲမှာ ရှိတော့ရှိတယ် တိုးတိုးတိတ်တိတ်နဲ့။ အရင်ကတော့ လိုက်ဖမ်းကြတယ်။ အခုတော့ ဖမ်းတာ မတွေ့တော့ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦးထဲ နမ့်ခမ်းခရိုင်က ၆ ဦး၊ ကွတ်ခိုင်ခရိုင်က ၁ ဦး၊ မိုးကုတ်ခရိုင်က ၂ ဦးနဲ့ ကျောက်မဲခရိုင်က ၄ ဦး ပါဝင်ပြီး ကျောက်မဲခရိုင်က မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကိုတော့ ယာမ(ဆေးပြား) ၁၂၇၆ ထုပ်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိထားသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ပေးတာရှိသလို ပြစ်မှုကြီးတဲ့သူတွေကို ထောင်အတွင်း ထိန်းသိမ်းထားတာ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း TNLA ရဲ့ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၂ ထောင်နီးပါး (၁,၉၂၃)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။