ဓာတ်ပုံ – Local

မိုင်းရူပ၊ ဖေဖော်ဝါရီ ၄ ရက်

မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ ကချင်တပ်မတော်- KIA နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို နှစ်ဖက်တာဝန်ရှိသူတွေက ဖြေရှင်းပြီးပြီလို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ TNLA နဲ့ KIA အကြား အငြင်းပွားမှု ဖြစ်ပြီးနောက်ပိုင်း နှစ်ဖက်တပ်ဘက်က တပ်ရင်းတာဝန်ရှိသူနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ တွေ့ဆုံပြီး နှစ်ဖက်တပ်အကြား ပြဿနာကို ဖြေရှင်းခဲ့တာလို့ ဆိုပါတယ်။

“အချင်းချင်း လိုအပ်တဲ့ဟာတွေ ပံ့ပိုးကူညီကြဖို့ သွားလာခွင့်ပြုဖို့။ အချင်းချင်းကြား အသိအမှတ်ပြု လေးစားဖို့ ပြောတယ်လို့ သိရပါတယ်။ အဲနောက်ပိုင်းမှာ ပွတ်တိုက်မှုတွေ မရှိတော့ဘူး” လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ နောက်ဆုံးအပတ်မှာလည်း ရှမ်းမြောက် မန်တုံ၊ မိုးမိတ်နဲ့ ကွတ်ခိုင်မြို့မှာ KIA နဲ့ TNLA ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်အကြား နယ်မြေအငြင်းပွားမှု ဖြစ်ခဲ့ကြပြီး ထိုးကြိတ်တဲ့အဆင့်ထိ ဖြစ်ခဲ့ပေမဲ့ သေနတ် ဖောက်တာမျိုးတော့ မရှိခဲ့ပါဘူး။

TNLA နဲ့ KIA အကြား အငြင်းပွားမှုနဲ့ ပတ်သက်လို့ နှစ်ဖက်တပ်အကြား ဆွေးနွေးမှု သဘောတူညီချက် အသေးစိတ်သိရဖို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

TNLA နဲ့ KIA ဟာ မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့အပြင် “ဝ”တပ်- UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်ရေးကော်မတီ- FPNCC ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။