မြတ်နိုး၊ စက်တင်ဘာလ ၁၂ ရက်
ရှမ်းမြောက် ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာကျေးရွာကြား ပြည်ထောင်စုလမ်းမပေါ်က နမ့်ဖလွန်ကျေးရွာမှာ ကလေးတစ်ဦးကို ကားနဲ့ တိုက်ပြီး မောင်းပြေးသွားသူကို ပြန်ဖမ်းမိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ညနေ ၄ နာရီလောက်မှာ ကားတိုက်မှု ဖြစ်သွားတာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “ကားသမားတစ်ယောက် ကလေးကို တိုက်ပြီး မောင်းပြေးသွားတာ ကား သမားကိုတော့ ပြန်ဖမ်းမိထားတယ်။ ကလေးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ် ပြောတယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
တိုက်ခံရတဲ့ ကလေးဟာ အသက်အန္တရာယ် စိုးရိမ်ရပြီး ဘယ်သူ့ကလေးဆိုတာလည်း သေချာမသိရေသးဘူးလို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။