ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂ ရက်

စစ်ကောင်စီတပ်က ရှမ်းတောင် မိုးဗြဲမြို့ထဲကို ဝင်လာဖို့ ကြိုးစားနေတာကြောင့် တစ်လခန့်ကြာတဲ့အထိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF နဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ KNDF ရဲ့ ဗဟိုသတင်းမှန်ပြန်ကြားရေးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်မှာ စုဖွဲ့ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတချို့က မြို့ထဲဝင်ဖို့ စစ်ကြောင်း ထိုးနေတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့ပြီး ဒုအရာခံဗိုလ်တစ်ဦးနဲ့ တပ်သား ၉ ဦး လက်နက် ၇ လက်နဲ့အတူ အလင်းဝင်လာတာရှိသလို KNDF ဘက်က တပ်သား ၆ ဦး ကျဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၁ ကြိမ်နဲ့ လက်နက်ကြီး ၃၀ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၃ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် အရပ်သား ၁၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ် ၉၀ နီးပါး၊ ဘာသာရေး အဆောက်အအုံ ၅ လုံးနဲ့ စာသင်ကျောင်း ၂ ဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကတည်းက မိုးဗြဲမြို့ထဲ စစ်တပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ တစ်နေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒီနေ့အထိ မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ပေမဲ့ တိုက်ပွဲတော့ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

မိုးဗြဲအပြင် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ရှမ်းတောင် ဆီဆိုင်မြို့နယ်မှာလည်း KNDF နဲ့ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။