ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂ ရက်

စစ်ကောင်စီတပ်က ရှမ်းတောင် မိုးဗြဲမြို့ထဲကို ဝင်လာဖို့ ကြိုးစားနေတာကြောင့် တစ်လခန့်ကြာတဲ့အထိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF နဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ KNDF ရဲ့ ဗဟိုသတင်းမှန်ပြန်ကြားရေးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်မှာ စုဖွဲ့ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတချို့က မြို့ထဲဝင်ဖို့ စစ်ကြောင်း ထိုးနေတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့ပြီး ဒုအရာခံဗိုလ်တစ်ဦးနဲ့ တပ်သား ၉ ဦး လက်နက် ၇ လက်နဲ့အတူ အလင်းဝင်လာတာရှိသလို KNDF ဘက်က တပ်သား ၆ ဦး ကျဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၁ ကြိမ်နဲ့ လက်နက်ကြီး ၃၀ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၃ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် အရပ်သား ၁၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ် ၉၀ နီးပါး၊ ဘာသာရေး အဆောက်အအုံ ၅ လုံးနဲ့ စာသင်ကျောင်း ၂ ဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကတည်းက မိုးဗြဲမြို့ထဲ စစ်တပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ တစ်နေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒီနေ့အထိ မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ပေမဲ့ တိုက်ပွဲတော့ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

မိုးဗြဲအပြင် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ရှမ်းတောင် ဆီဆိုင်မြို့နယ်မှာလည်း KNDF နဲ့ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။