ဓာတ်ပုံ – ပါရမီ လူမှုကူညီရေးအသင်း

ယာရူစိင်း၊ ဖေဖော်ဝါရီ ၁ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်အုပ်စုရှိ အောက်နမ့်ဟွယ်ရွာမှာ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပြီး အမျိုးသားနှစ်ဦးထဲက တစ်ဦးဟာ သေဆုံးသွားပြီးတော့ တစ်ဦးက ခြေတစ်ဖက် ကျိုးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်ဟာ ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၀၅ မိုင်ကနေ ဆိုင်ကယ် မောင်းနှင်လာတဲ့ အဲဒီအမျိုးသားနှစ်ဦးက နမ့်ဟွယ်ရွာလမ်းမကြီးဘေးမှာ ရပ်ထားတဲ့ လယ်ထွန်စက်ကို ဝင်တိုက်မိရာကနေ တမ်းမှောက်မှု ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက “သူတို့နှစ်ယောက်က အရှိန်နဲ့မောင်းလာ‌တော့ လယ်ထွန်စက်ကို တိုက်မိတာ‌ပေါ့။ ဆေးကုသစရိတ်အားလုံးကို အဲဒီ လယ်ထွန်စက်ပိုင်ရှင်က တာဝန်ယူပြီး ဆေးကုသပေးတယ်။ သေသွားတဲ့ ကလေးရဲ့ အသုဘကိုလည်း တာဝန်ယူပြီး ချပေးခဲ့တယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၅ နှစ်အရွယ် မောင်ဟန်လင်းထွန်းဆိုသူဖြစ်ပြီး ဦးခေါင်းမှာ ထိမှန်ထားတဲ့ ဒဏ်ရာက ပြင်းထန်တာကြောင့် ဆေးကုသမှု ခံယူနေရာကနေ မနေ့ ဇန်နဝါရီ ၃၁ ရက် မနက်အစောပိုင်းမှာ သေဆုံးသွားပါတယ်။

ဝမ်းဗိုက်မှာ ဒဏ်ရာအနည်းငယ်နဲ့ ခြေတစ်ဖက် ကျိုးသွားသူကတော့ အသက် ၂၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပြီး ဒဏ်ရာရသူကို ၁၀၅ မိုင်ရှိ ပါရမီလူမှုကူညီရေးအသင်းက သွားရောက် ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ နမ္မတူမြို့နယ် မန်စံရွာမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ကားနဲ့ စက်ဘီး တိုက်မိပြီး စက်ဘီးမောင်းတဲ့ အမျိုးသား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။