ဓာတ်ပုံ – CJ

ရွှေဖီမြေ၊ ‌ဩဂုတ် ၅ ရက်၊ နမ့်ခမ်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံကျန်းရေအားလျှပ်စစ်စက်ရုံက ရေဖွင့်ချမှုကြောင့် ရွှေလီမြစ်ကမ်းတလျှောက်မှာ နေထိုင်သူတွေ သတိထားကြဖို့ လုံကျန်းရေအားလျှပ်စစ်ရုံက အသိပေးစာ ထုတ်ပြန်ထားပါတယ်။

လုံကျန်းရေအားလျှပ်စစ်နဲ့ ရေသိုလှောင်ကန်အတွင်း ရေပြည့်လုနီးပါး ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကနေ မနက်ဖြန် ဩဂုတ် ၆ ရက်အထိ ရေပိုလွှဲတံခါးကို ဖွင့်ချသွားမှာ ဖြစ်ပါတယ်။

နမ့်ခမ်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “ရွှေလီမြစ်‌ရေက အခုထိ တက်နေတုန်းပဲ။ တမြန်မနေ့လည်း တရုတ်ဘက်က ရေ ပြန်လွှတ်တာ။ ဘယ်ရေကာတာလဲတော့ မသိဘူး။ မိုးလည်း ဆက်တိုက်ရွာနေတာဆို‌တော့။ ရေက မကျလာဘူး။ တက်လာဖို့ပဲ ရှိတယ်” လို့ ပြောပါတယ်။

လုံကျန်းရေအားလျှပ်စစ် စက်ရုံဟာ ယူနန်ပြည်နယ် လုံချွမ်နဲ့ မံစီကြားက Longjiang မြစ်ပေါ်မှာ တည်ဆောက်ထားတာလို့ သိရပါတယ်။

လုံကျန်းရေအားလျှပ်စစ်စက်ရုံရဲ့ အသိပေးချက်မှာတော့ ဩဂုတ် ၃ ရက်ကနေ ၆ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်တာကြောင့် မြစ်ဝှမ်းအတွင်း ရေဝင်ရောက်မှု များလာနိုင်ပြီး ရေလှောင်ကန်ကို လုံခြုံတဲ့ ရေမှတ်အောက်မှာ ဆက်ထိန်းထားနိုင်ဖို့အတွက် ရေပိုလွှဲတံခါးတွေ ဖွင့်လှစ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ရေလွှတ်ချချိန်အတွင်း စက်ရုံက ထွက်ရှိမယ့် စုစုပေါင်း ရေစီးနှုန်းကတော့ တစ်စက္ကန့်ကို ၄၀၀ ကနေ ၁ ထောင်ကုဗမီတာအထိ ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တရုတ်ဘက်က ရေကာတာ ဖွင့်ချတဲ့အပေါ် ပွင့်လင်းမြင်သာအောင် သတိပေးထားစေချင်တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုသူတို့ ဖွင့်ချတဲ့ ရေကာတာကို ပွင့်လင်းမြင်သာအောင် ပြောပြစေချင်တယ်။ အခုဟာက သူတို့ဖွင့်ပြီလား မဖွင့်သေးတာလား မသိရဘူး။ သတင်းလည်း အမျိုးမျိုး ထွက်နေတာ။ တချို့လည်းဖွင့်ပြီ တချို့လည်း မနက်ဖြန်ကနေ စဖွင့်မယ်လို့ သတင်းထွက်နေတာ”

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း တရုတ်နိုင်ငံ လောင်းကျန်း ရေကာတာကနေ ရေ လွှတ်ချခဲ့တာကြောင့် ရွှေလီမြစ်ဘေးက ဒေသခံတွေရဲ့ ကြံခင်း၊ ပြောင်းခင်း၊ စပါးခင်းနဲ့ အခြားစိုက်ပျိုးခင်းတွေ ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံခဲ့ရသလို သဲထုတ်လုပ်ငန်းနဲ့ ကမ်းကူးလုပ်ငန်းအကုန်လုံး ရပ်နားခဲ့ကြရတယ်လို့ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့- TEWG က ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

သီပေါမှာ လေပြင်းတိုက်ခတ်လို့ ရှေ့ဟောင်းစေတီတစ်ဆူ ထီးတော် မြေခ၊ ကျောင်းဆောင် ၁ ဆောင်ပျက်စီး

ရှမ်းမြောက် သီပေါမြို့မှာ လေပြင်းတိုက်ခတ်တာကြောင့် ရှေးဟောင်း စေတီတစ်ဆူရဲ့ ထီးတော် မြေခခဲ့ရပြီး ကျောင်းဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်မှာ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်တချို့ ပျက်စီး

‎ရှမ်းအရှေ့ တာချီလိတ်မြို့မှာ လေ‌ပြင်းတိုက်ခတ်တာနဲ့ မိုးရွာသွန်းမှုတွေကြောင့် နေအိမ်တချို့ ပျက်စီးတာရှိခဲ့ကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နာရီဝက်သာ မိုးကြီးပေမဲ့ မြောင်းနဲ့ ချောင်းအတွင်း အမှိုက်ပိတ်ဆို့တာကြောင့် တာချီလိတ်က ရပ်ကွက်တချို့မှာ ရေကြီးခဲ့

ရှမ်းအရှေ့ တာချီလိတ်မြို့က ရပ်ကွက်တချို့မှာ နာရီပိုင်းအတွင်းသာ မိုးကြီးခဲ့ပေမဲ့ ချောင်းနဲ့မြောင်းတွေမှာ အမှိုက်ပိတ်ဆို့မှုတွေကြောင့် ရပ်ကွက်တချို့က လူနေအိမ်ထဲ ရေတွေဝင်ခဲ့ကြောင်း မြို့ခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုင်းလားကနေတစ်ဆင့် တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တရုတ်ဘက်က ဖမ်းဆီးပြီး NDAA ထံ လွှဲပြောင်း၊ NDAAက စစ်ကောင်စီထံ ပြန်ပို့နေတယ်လို့ အလုပ်သမားတွေပြော

အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။