Dark၊ သြဂုတ် ၅ ရက်၊ ဖရူဆို
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
မနေ့ သြဂုတ် ၄ ရက် ညနေ ၄ နာရီမှာ ကြဲချတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
“အဲဒီဗုံးကြဲတဲ့နေရာက စစ်ရှောင်တွေနေတဲ့နေရာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာပါ”
စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဖရူဆိုအနောက်ခြမ်းတစ်နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးပါတယ်။

စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သား နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုကို လုပ်ဆောင်နေတာကြောင့် အရပ်သားတွေအနေနဲ့ စစ်ရေးသတင်း အဆက်မပြတ် စောင့်ကြည့်ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက နှိုးဆော်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။